ပေါင်မြို့နယ်၌၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲပြုလုပ်






ပေါင်၊ ဇူလိုင် ၅  

မွန်ပြည်နယ် ပေါင်မြို့နယ်၌၊စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲပြုလုပ်ခြင်းကို ယမန်နေ့ည‌နေပိုင်းက  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမင်းထွန်း က ပန်းတိုင်အထွက်နှုန်းရရှိရေး၊သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ကြဲခင်းစနစ်လျော့ချပြီး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနိုင်ရေးကိုလည်းကောင်း၊ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မူမူတန် ၊သစ်စိမ်းမြေဩဇာများ  တွင်တွင်ကျယ်ကျယ် အသုံးပြုပြီးဓာတ်မြေဩဇာ လျော့ချအသုံးပြုနိုင်ရေးကိုလည်းကောင်း၊ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဒေါ်မီမီအုန်းဝင်းကပိုက်ဆံလျော်ပင် ၊ညံပင်၊ဗောစကိုင်းပင်၊ကုက္ကိုပင်၊ပဲမျိုးစုံပင်၊ဗေဒါပင်၊မဲရိုင်းပင် စသည့်အပင်များအား မြေသဇာအသုံးပြု၍ တောင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေးကိုလည်း‌ကောင်း၊ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်ယဉ်နွယ်ဝင်းကမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊သီးနှံဖျက်ပိုးမွှားနှင့်ရောဂါကာကွယ်ရေး၊  AI နည်းပညာအသုံးချပြီး စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍ မှာတွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး စသည့်အကြောင်းအရာများကို သင်ကြားပြသခဲ့သည်။

အဆိုပါ သင်တန်းကိုသင်တန်းဆရာ (၄)ဦးက သင်တန်းသား (၁၅)ဦးတို့ဖြင့် (၂)ရက်ကြာသင်ကြားပြသခဲ့သည်။ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သင်တန်းပို့ချခြင်းဖြင့်  နိုင်ငံတော်၏ စားရေရိက္ခာ ဖူလုံစေရေးအပြင် ဂေဟစနစ်ထိမ်းသိမ်းခြင်း၊ လူသားတို့၏ အာဟာရဖူလုံရေး၊စီးပွားရေးတည်ဆောက်မှု၊ယဉ်ကျေးမှုထိန်းသိမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီမှုတို့အတွက် မရှိမဖြစ်လုပ်ငန်းစဉ်ဖြစ်ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)