ဟင်္သာတ၊ ဇူလှိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ခေတ္တ ပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းက အဖွင့်အမှာစကားပြောကြားပြီး သမိုင်းဌာနမှ တွဲဘက်ပါမောက္ခ ဒေါက်တာ သင်းသင်းခိုင်က "အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်စိတ်ဓာတ်" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ပထမဆုရရှိကြသော ကျောင်းသား/သူများအား ခေတ္တ ပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းကလည်းကောင်း၊ ဒုတိယဆု ရရှိကြသော ကျောင်းသား/သူများအား ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ချိုကြည်သန်းက လည်း ကောင်း၊ တတိယဆု ရရှိကြသော ကျောင်းသား/သူများအား ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မျိုးမင်းစိုးကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင်ခဲ့ကြပြီး တာဝန်ရှိသူများနှင့်ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူ (၃၅ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment