တနင်္သာရီမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲကျင်းပ



တနင်္သာရီ ၊  ဇူလိုင်   ၂၈


တနင်္သာရီတိုင်းဒေသကြီးအစိုးရဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက်၉နာရီက အထက(တနင်္သာရီ) ပညာရတနာ ခန်းမ၌ ကျင်းပသည်။


ဦးစွာ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက အမှာစကားပြောကြားပြီး အထက(တနင်္သာရီ)ကျောင်းမှ ကျောင်းသားကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြမည်” သီချင်းဖြင့်သီဆိုကပြ ဖျော်ဖြေသည်။


ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောခြင်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့်စကားရည်လုပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြပြီး ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမရရှိသော ကျောင်းသား/ကျောင်းသူများက ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့်သရုပ်ပြပြီး အထက(တနင်္သာရီ)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အမျိုးသားစာပေယဉ်ကျေးမှုအမွေ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။


အခမ်းအနားသို့ အမှတ်(၂)စစ်နယ်မြေမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများနှင့်မိဘများ  တက်ရောက်ကြကြောင်း သိရသည်။


သီသီခိုင်(တနင်္သာရီ)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)