ပြင်ဦးလွင်မြို့နယ် ဖားအောက်တောရ ဝိပဿနာ ရိပ်သာ၀န်းအတွင်း ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ် ဖားအောက်တောရ ဝိပဿနာ ရိပ်သာ၀န်းအတွင်း ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုး



ပြင်ဦးလွင် ၊  ဇူလိုင် ၂၈


ဥတုရာသီဂေဟစနစ်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေး၊ ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်၀န်းကျင်စိမ်းလန်းစိုပြည် သာယာစေရန် ရည်ရွယ်၍ Green Challenge Associationမှ ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင် ဦးဆောင်၍ ပညာရွှေရောင်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ရွှေသုဝဏ် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကာ ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက် ၉နာရီက ဖားအောက်တောရဝိပဿနာရိပ်သာ၀န်းအတွင်း  ဗုဒ္ဓသာသနာရိပ်သာတွင်  ကျင်းပသည်။


ဦးစွာ  Green Challenge Association မှ ဦးအောင်မျိုးပိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးတို့က  သစ်ပင်စိုက်ပျိုးရသည့် အကြောင်းအရင်းများနှင့် မြန်မာစာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “သဘာဝတရားလှပဖို့ သစ်ပင်စိုက်ကြစို့” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောသည်။


ဆက်လက်၍  သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက စိန်ပန်းပင် ၃၀၀၊ တမာပင် ၄၁၁ပင်၊ ဗန်ဒါပင် ၁၀၀၊ ထိုင်၀မ် ဗန်ဒါပင်၃၀၀၊ စုစုပေါင်း (၁၁၁၁) ပင်ကို စိုက်ပျိုးခဲ့သည်။


သွေးသွေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)