မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်




ပေါင်၊ ဇူလိုင် ၂၅

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းသည်  ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ အလှပ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် က  ကမ်းရိုးတန်းဒေသများမှာ ဒီရေတောများဟာ  ရေရှည်တည်တံ့ဖွံ့ဖြိုးခြင်း၊သက်ရှိတို့အတွက် ရိက္ခာများထုတ်လုပ်ပေးခြင်း နှင့် ရာသီဥထုပြောင်းလဲမှု လျှော့ချပေးခြင်းတို့ကို ကမ္ဘာသူ၊ကမ္ဘာသားများက သတိပြုစေရန် ကမ္ဘာ့ဒီရေတောများပျက်စီးမှုနှင့်အတူ ဆက်စပ်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲများ ၊ငါး ၊ပုဇွန်၊ဂဏန်းများနှင့် ၎င်းတို့၏ နေရင်း‌ဒေသများ ပြုန်းတီးလာမှုများကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ပါကြောင်း ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း (၁၂၃)နိုင်ငံတွင်လည်းကောင်း၊ အာရှတိုက်၏နိုင်ငံပေါင်း (၂၅)နိုင်ငံတွင် လည်းကောင်း ၊အရှေ့တောင် အာရှ (၁၀) နိုင်ငံအနက် လာအိုနိုင်ငံမှအပ ကျန် (၉)နိုင်ငံမှာ ဒီရေတောများ ပေါက်ရောက်ရှင်သန်လျက်ရှိ ပြီး ဧရိယာဧက (၁၂.၆၁)သန်းရှိသည့်အတွက် ကမ္ဘာ့ဒီရေတော၏ (၃၃.၅) ရာခိုင်နှုန်းကို အရှေ့တောင် အာရှနိုင်ငံများ တွင်တွေ့ရှိရပါကြောင်း  အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒီရေတောသစ်မျိုးများ ဖြစ်သည့် ဗြူးရွှေဝါ (၆) ပင်၊ သမဲ့(၄၁၀)ပင်၊ မဓမ (၃၀၀)ပင်၊ ဗြူးခြေထောက်(၃၀၀)ပင် ၊အိပ်မသွယ် (၃၀၀)ပင် စုစုပေါင်း ဒီရေတော အပင်အရေအတွက် (၁၃၁၆)ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။ 

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ဒီရေတောသစ်မျိုး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။  ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉၊၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် တည်ထောင်စိုက်ပျိုးထားသော ဗြူးခြေတောက်သမဲ့ စိုက်ခင်း (၁၀၀)ဧက၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီ လေပြင်းဒဏ်ခံ အုန်းပင် ၊ ယခင်ဒီရေတော ပျိုးပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုအပေါ် ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလှပ်ကျေးရွာအုပ်စု ဆယ်အိမ်စု ကျောင်းတိုက် ဆရာတော် အား ဖူး‌မြှော်ကြည်ညို၍  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)