ပေါင်မြို့နယ်(အ.ထ.က)မင်းတန်းကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်(အ.ထ.က)မင်းတန်းကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်






ပေါင်၊ ဇူလိုင် ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီကပေါင်မြို့နယ်(အ.ထ.က) မင်းတန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ လူငယ်စကားဝိုင်းတွင်‌‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များ  စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး (အ.ထ.က)မင်းတန်းကျောင်း မှ  Grade -11ကျောင်းသား ​မောင်အောင်မြင့်မြတ်က လူငယ်နှင့် ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade - 11 ကျောင်းသူ မ​​​ဖြူဖြူထွေးက လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မနန္ဒာလင်းက လူသားနှင့် သဘာဝဘေးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10 ကျောင်းသူ မိသဇင်ထွေးက လူငယ်နှင့် ကိုယ်ကျင့်တရားခေါင်းစဥ် ဖြင့်လည်းကောင်း၊  Grade -10 ကျောင်းသူ မယွန်းမီမီအောင်က လူငယ်နှင့်အချိန် ခေါင်းစဥ် ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ပြန်လည်ဖြေကြားပေးခဲ့ပြီး (အ.ထ.က)မင်းတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ​ဒေါ်ဥမ္မာခင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ (အ.ထ.က)မင်းတန်းကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား/ ကျောင်းသူ ( ၁၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)