လစ်ဗျားမှာ ရေနံတူးဖော်ခွင့်တင်ဒါကို ပထမဆုံး စခေါ်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လစ်ဗျားမှာ ရေနံတူးဖော်ခွင့်တင်ဒါကို ပထမဆုံး စခေါ်ပြီ


ဇူလိုင် - ၄ ( သောကြာနေ့ ) 

လစ်ဗျားမှာ အနောက်အုပ်စုတွေရဲ့ မြှောက်ပေးမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ၂၀၁၁ လူထုအုံကြွမှုအပြီးမှာ  အာဏာရှင်မွမ်မာကဒါဖီး အသတ်ခံလိုက်ရပါတယ်။ အဲ့ဒိနောက်မှာ ပြည်တွင်း မငြိမ်သက်မှုတွေ ဖြစ်ပြီး ပြည်တွင်းစစ်ဖြစ်ကာ တိုင်းပြည်စုတ်ပျက်သတ်သွားပါတယ်။

 အခုတော့ လက်ရှိအာဏာရနေတဲ့ အဖွဲ့က လစ်ဗျားမှာ ရေနံတူးဖော်ဖို့အတွက် တင်ဒါ စခေါ်နေပါတယ်။ နိုင်ငံတကာရေနံကုမ္ပဏီကြီး ၃၇ ခုက ရေနံမြေတွေကို လေလံဆွဲဖို့အတွက် ပြင်ဆင်နေကြပါပြီ။ ပြည်သူ့စစ်အကြမ်းဖက်မှုများနှင့် နိုင်ငံရေးပြိုင်ဆိုင်မှုများကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အကြိမ်ကြိမ် အနှောက်အယှက်များ ကြုံတွေ့နေရသည့် လစ်ဗျား၏ ရေနံကဏ္ဍကို ပြန်လည်အသက်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။ ကဒါဖီ ကွယ်လွန်ပြီးနောက် မြို့တော်ထရီပိုလီအခြေစိုက်ကုလသမဂ္ဂ အသိအမှတ်ပြု အမျိုးသား စည်းလုံးညီညွတ်ရေးအစိုးရနဲ့ ဘန်ဂါဇီမြို့ အရှေ့ပိုင်းရှိ ပြိုင်ဘက် အမျိုးသား တည်ငြိမ်ရေး အစိုးရတို့ကြားမှာ နိုင်ငံရေး အယူအဆတွေက နက်ရှိုင်းစွာ ကွဲအက်နေဆဲ ဖြစ်ပါတယ်။ 

နိုင်ငံပိုင်ရေနံကုမ္ပဏီ (NOC) ၏ ဥက္ကဋ္ဌ Massoud Seliman က အမေရိကန် နိုင်ငံစုံ ExxonMobil နှင့် Chevron၊ ပြင်သစ် စွမ်းအင်ကုမ္ပဏီ Total Energies နှင့် အီတလီမှ Eni တို့ အပါအဝင် နာမည်ကြီး နိုင်ငံတကာ ကုမ္ပဏီများသည် ယှဉ်ပြိုင်နေသည့် ကုမ္ပဏီများထဲတွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်။

လစ်ဗျားမှာ ကမ်းလွန်လုပ်ကွက် ၂၂ ခုနှင့် ကုန်းတွင်းလုပ်ကွက် ၂၂ ခုအတွက် လေလံပစ်မှာဖြစ်ပြီး လေလံအောင်တဲ့ သူတွေက စာချုပ်ကို ဒီနှစ်အကုန်မှာ ချုပ်ရမှာဖြစ်ပါတယ်။ လစ်ဗျားက အာဖရိကမှာ အကြီးဆုံး ရေနံသိုက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အာဖရိကတိုက်တစ်ခုလုံးမှာရှိတဲ့ ရေနံအရင်းအမြစ်နဲ့ ယှဉ်ရင် တစ်ဝက်စာနီးပါးလောက် ပိုင်ထားပါတယ်။ ခန့်မှန်းခြေ ရေနံစည်ပေါင်း သန်း ၄ သောင်းကျော်ထွက်နိုင်ပါတယ်။ 

၂၀၀၇ မှာ နောက်ဆုံးလေလံပစ်ခဲ့တာဖြစ်ပြီး အဲ့ဒိတုန်းက လစ်ဗျားက တစ်ရက် ရေနံစည် ၁.၇ သန်းလောက် ထွက်ပါတယ်။ အခုတော့ တစ်ရက် ၂သန်းလောက် ထွက်အောင်တိုးထုတ်မယ်လို့ စီစဉ်နေပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)