ဇူလိုင် - ၄ ( သောကြာနေ့ )
ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ရာထူးကို ဆိုင်းငံ့ထားပြီးနောက် ကက်ဘိနက်အဖွဲ့ဝင် အသစ်များကို ကြာသပတေးနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ကမ္ဘောဒီးယား ထိပ်တန်းခေါင်းဆောင် တစ်ဦးနှင့် စကားပြောဆိုမှုအတွက် ကျင့်ဝတ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ် ဝန်ကြီးချုပ်ရာထူးမှ ရပ်စဲခံခဲ့ရတဲ့ ပေတောင်တန် ရှင်နရာဝပ်ထရာ က ယဉ်ကျေးမှုဝန်ကြီးအဖြစ် အစိုးရအဖွဲ့သို့ ပြန်လည်ရောက်ရှိလာပါတယ်။
ပေတောင်တန် ရဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ရှင် ရှင်နာဝပ်ထရာ ရဲ့ မဟာမိတ်ရင်းကြီး ဖြစ်တဲ့ ဖွမ်သမ်ဝီချာယာချိုင်း က ယဉ်ကျေးမှုဝန်ကြီးနေရာကို ပေတောင်တန် ကိုင်တွယ်ခွင့် အတွက် ထောက်ခံပေးခဲ့ပါတယ်။ ဖွမ်သမ်က ပေတောင်တန်ဝန်ကြီးချုပ်လုပ်စဉ်က ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး အဖြစ်တာဝန်ထမ်းခဲ့တာဖြစ်ပြီး အခု ဝန်ကြီး အဖွဲ့သစ်မှာတော့ ဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီး ရာထူးအတွက် ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
ဖွမ်သမ်ကတော့ ထိုင်းအစိုးရအဖွဲ့အတွင်းမှာ မတည်မငြိမ်ဖြစ်နေတယ် ဆိုတာကို လက်မခံပါဘူး။ လက်ရှိတိုင်ပြည်ရဲ့ အခက်အခဲတွေကို တည်ငြိမ်အောင်ဆက်လက်လုပ်ဆောင်ပေးပါမယ် ဆိုပြီး သတင်းစာရှင်းလင်ပွဲမှာ ဆိုပါတယ်။ ပေတောင်တန်ကို ယဉ်ကျေးမှုဝန်ကြီးခန့်အပ်ဖို့အတွက် ထိုင်းဘုရင်ကိုယ်တိုင်က ထောက်ခံပေးထားပါတယ်။
ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒုတိယဝန်ကြီးချုပ် ဆူရီယာ ဂျွန်ရွန်ဂရီယန်ကစ်သည် ဘုရင်ကြီး မဟာဝိဇယလောင်ကွန်းထံမှ ထောက်ခံစာလက်ခံရယူသည့် အခမ်းအနားတွင် ဝန်ကြီးအဖွဲ့အသစ်ကို ဦးဆောင်ရမှာဖြစ်ပါတယ်။
REF: ABC
https://t.me/MyanmarNationalPost
No comments:
Post a Comment