ရုရှားကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ တရုတ်နဲ့ အမေရိကန် ငြိကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ တရုတ်နဲ့ အမေရိကန် ငြိကြပြီ


ဇူလိုင် - ၂၇ ( တနင်္ဂနွေနေ့ ) 

ယူကရိန်း - ရုရှား ပဋိပက္ခအရေးကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာဆွေးနွေးမှု ပြုလုပ်ရင်း တရုတ်နဲ့ အမေရိကန်ကိုယ်စားလှယ်တွေ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စွပ်စွဲရင်း အခြေအတင်ပြောဆိုမှုတွေ ဖြစ်ပွားကာ တင်းမာမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

ယာယီအမေရိကန်သံအမတ်ကြီး ဒေါ်ရိုသီရှီယာ က ဘေဂျင်းအစိုးရသည် မော်စကိုကို လျှို့ဝှက်ကူညီနေတယ်လို့ စွပ်စွဲကာ ယူကရိန်းတွင် ရုရှားရဲ့ရန်လိုမှုကို ရပ်တန့်ရန် တရုတ်ကို တိုက်တွန်းခဲ့ပါတယ်။ "တရုတ်တွေက ၂ နိုင်ငံလုံး သုံးလို့ရမယ့် ကုန်အမှတ် တံဆိပ်မပါတဲ့ဒရုန်းတွေ၊ လက်နက်တွေ၊ မော်တော်ကားအစိတ်အပိုင်းတွေ ကို ရုရှားကို ပို့နေပါတယ်။ အဲ့ဒိပို့ကုန်တွေကို ထုတ်ချုပ်မှုလုပ်ပေးဖို့တောင်းဆိုပါတယ်" လို့ရှီယာက ပြောပါတယ် ။ 

တရုတ်နိုင်ငံသည် အဆိုပါစွပ်စွဲချက်များကို ပယ်ချခဲ့ပြီး ပို့ကုန်များအပေါ် တင်းကျပ်သော ထိန်းချုပ်မှုတွေ လုပ်ခိုင်းတာနဲ့ ပတ်သက်ပြီး ထောက်ခံကြောင်း ဆိုပါတယ်။ "ယူကရိန်းစစ်ပွဲက ကျနော်တို့ စခဲ့တဲ့ စစ်ပွဲလည်းမဟုတ်ဘူး၊ ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့လည်း မဟုတ်ဘူး၊ သေစေလောက်တဲ့ လက်နက်တွေ တစ်ခါမှ မပေးခဲ့ဘူး၊ ဒရုန်းတွေ တင်ပို့မှု အပါအဝင် နှစ်မျိုးသုံးပစ္စည်းတွေကို အမြဲတမ်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်" လို့ ကုလသမဂ္ဂ ဒုတိယ သံအမတ်ကြီး ဂျန်ရှောင် က အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။ 

"ယူကရိန်းပြဿနာ နဲ့ပတ်သက်လာရင် ကျနော်တို့အပေါ်ကို အပြစ်ပုံချတာ ဒါမှမဟုတ် ထိပ်တိုက် ရင်ဆိုင်မှု တွေကို ဖန်တီးတာတွေကို ရပ်တန့်ပေးပါ။ ကျနော်တို့က အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်ရာတွင် ပိုမိုအပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ဖို့ အမေရိကန်ကို ကျနော်တို့က တိုက်တွန်းပါတယ်" လို့ ဆိုလိုက်ပါတယ်။  

အမေရိကန်ဘက်ကတော့ တရုတ်ကုမ္ပဏီတွေက ရုရှားကို စစ်လက်နက်ပစ္စည်းတွေ နဲ့ နည်းပညာတွေကို တင်ပို့နေတယ်လို့ ဆက်ပြီး စွပ်စွဲထားပါတယ်။ တကယ်လို့ တရုတ်ကုမ္ပဏီတွေက ရုရှားကို ဆက်ပြီး ထောက်ပံ့နေမယ်ဆိုရင် လက်ရှိရုရှားကို လုပ်နေတဲ့ ပိတ်ဆို့တွေ ကို ဆင့်ပွားပိတ်ဆို့မှုအဖြစ် တရုတ်ကို လုပ်မယ် ဆိုပြီး သတိပေးလိုက်ပါတယ်။ 

ပဋိပက္ခအဆုံးသတ်ရေး ပြေလည်အောင် ကူညီဆောင်ရွက်ပေးရန် ပေကျင်းက ကမ်းလှမ်းထားပြီး ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ မတည်မငြိမ်ဖြစ်စေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကို ထိခိုက်နစ်နာစေလိမ့်မယ် လို့ ပြန်လည်ရှင်းထားပါတယ်။ နောက်ပြီး ရုရှားကို သီးခြားခွဲထုတ်ရန် ကြိုးပမ်းမှုသည် ငြိမ်းချမ်းရေးကို ယူဆောင်လာမည်မဟုတ်ကြောင်း တရုတ်အရာရှိများက အလေးပေးပြောကြားခဲ့ပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)