ရုရှားကို အီရန်လို့များ အောက်မေ့နေသလားလို့ မက်ဗီဒက်က ထရမ့်ကို သတိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားကို အီရန်လို့များ အောက်မေ့နေသလားလို့ မက်ဗီဒက်က ထရမ့်ကို သတိပေး


ဇူလိုင် - ၂၉ ( အင်္ဂါနေ့ ) 

ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ထရမ့်အနေနဲ့ ရုရှားကို အီရန်နိုင်ငံလိုတွေးပြီး ခြိမ်းခြောက်ချင်တိုင်း ခြိမ်းခြောက်လို့မရကြောင်း၊ ခြိမ်းခြောက်မှုတစ်ခုလုပ်တိုင်း ပဋိပက္ခအသစ်တစ်ခု ဖန်တီးသလိုဖြစ်သွားကြောင်း ဒါကြောင့် သမ္မတထရမ့်အနေနဲ့ အထူးသတိထားဖို့လိုကြောင်း ပြောသွားပါတယ်။ 

အမေရိကန်သမ္မတ ထရမ့်က မော်စကိုသည် ကိယက်ဗ်နှင့် အပစ်အခတ်ရပ်စဲရေးကို ၁၀ ရက် သို့မဟုတ် ၁၂ ရက်အတွင်း အပြီးလုပ်ဆောင်ရန်အတွက် ရုရှားနိုင်ငံအပေါ် ပြင်းထန်တဲ့ ရာဇသံတစ်ခုကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီလအစောပိုင်းတုန်းကတော့ ထရမ့်က ဆောင်းဦးရာသီမှာ သဘောတူညီချက်မရရှိခဲ့ပါက ရုရှားရဲ့ကုန်သွယ်ရေးမိတ်ဖက်များအပေါ် ဆင့်ပွားပိတ်ဆို့အရေးယူမှုများ ပြုလုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

ရုရှားလုံခြုံရေးကောင်စီရဲ့ လက်ထောက်ဥက္က|အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မက်ဗီဒက်က “ရာဇသံ ပေးပြီး ရုရှားနဲ့ ဂိမ်းလာကစားနေတာလား၊ ပြောပါဦး ၁၀ ရက်တို့၊ ရက် ၅၀ တို့ ။ ရမယ် ထင်နေတာလား။ ထရမ့်က ရုရှား လာပြီး အစ္စရေးကို ပြောသလိုမျိုး၊ အီရန်ကိုပြောသလိုမျိုး လုပ်လို့ရမယ်ထင်နေတာလား။ အဲ့လိုခြိမ်းခြောက်မှု တစ်ခုလုပ်တာနဲ့ ပြဿနာ အသစ်တစ်ခုဖြစ်သွားမယ်၊ အရင်အိပ်ငိုက်နေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်လမ်းကို မလိုက်နဲ့” လို့ မနေ့က သူ့ရဲ့ အိတ်စ် ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

ယမန်နှစ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်အတွင်း ထရမ့်က သမ္မတဘိုင်ဒန်ရဲ့ ယူကရိန်းပဋိပက္ခအား ကိုင်တွယ်ဖြေရှင်းမှုကို အကြိမ်ကြိမ်ဝေဖန်ခဲ့ပြီး တတိယကမ္ဘာစစ်ကို ဦးတဉ်နေတယ်လို့ ဆိုခဲ့ပါတယ်။ 

ထရမ့်က ရုရှားအား သံတမန်နည်းအရ ပြန်လည်စေ့စပ်ခဲ့ပြီး ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် တွန်းအားပေးခဲ့သော်လည်း စေ့စပ်ညှိနှိုင်းမှု အရှိန်အဟုန်ကို စိတ်မရှည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ကတော့ နေတိုးက ကျနော်တို့ နယ်စပ်ထိကို တိုးချဲ့လာတာက ကျနော်တို့အတွက် စစ်ရေးအရ ဖိအားတစ်ရပ်ဖြစ်နေပါတယ်။ ယူကရိန်းကို နေတိုးထဲကို ဆွဲသွင်းဖို့ကြိုးစားနေသမျှ စစ်ပွဲက ရပ်သွားမှာမဟုတ်ဘူး လို့ ဆိုသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)