(၂၀) ကြိမ်မြောက် အာရှသတင်းမီဒီယာ ထိပ်သီးဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၀) ကြိမ်မြောက် အာရှသတင်းမီဒီယာ ထိပ်သီးဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်




ဖနောင်ပင်၊ ဇူလိုင် ၂၂

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် အာရှမီဒီယာ ထပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Neth Pheaktra က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာရှနိုင်ငံများရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဖနောင်ပင်မြို့အခြေစိုက် ပြည်ပသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

(၂၀)ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အာရှ-ပစိဖိတ် ရုပ်သံလွှင့်တင်ခြင်းဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူတို့က ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှ ၂၄ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)