အိန္ဒိယ အစိုးရကို အဲယားကွန်း ကုမ္ပဏီတွေပေါင်းပြီး တရားစွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယ အစိုးရကို အဲယားကွန်း ကုမ္ပဏီတွေပေါင်းပြီး တရားစွဲ


ဇူလိုင် - ၁၀ ( ကြာသပတေးနေ့ )

တောင်ကိုရီးယားက LG ၊ Samsung နဲ့ အမေရိကန်အခြေစိုက် လေအေးပေးစက်ကုမ္ပဏီကြီး Carrier အပါအဝင် နိုင်ငံစုံကုမ္ပဏီများက အီလက်ထရွန်းနစ်အမှိုက်စီမံခန့်ခွဲမှုမူဝါဒသစ်နဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရကို တရားစွဲခဲ့တယ်လို့ သိရပါတယ်။ 

ဒေလီတရားရုံးသည် E- အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ စည်းမျဉ်းအသစ်များကို အင်္ဂါနေ့တွင် ကြားနာခဲ့ပြီး၊ အဲ့ဒိမူဝါဒက ထုတ်လုပ်သူများအနေနဲ့ ပြန်လည်အသုံးပြုသူများအား ပေးဆောင်ရမယ့် အခကြေးငွေများ တိုးမြင့်လာစေတဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ကုမ္ပဏီတွေလျှောက်ထားတဲ့ အသနားခံစာများကို ပယ်ချဖို့ အိန္ဒိယအစိုးရက တောင်းဆိုထားကြောင်း Economic Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

စည်းမျဉ်းအသစ်မှာက လူသုံးအီလက်ထရွန်းနစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရန်အတွက် အနည်းဆုံး ပေးချေမှုက တစ်ကီလိုဂရမ်လျှင် ၂၂  ရူပီး (ဝ.၂၆ ဒေါ်လာ) ပေးချေရမယ်လို့ ဆိုထားပါတယ်။ ဈေးနှုန်းအသစ် များက လက်ရှိနှုန်းထားများထက် ၅ဆကနေ ၁၅ ဆအထိမြင့်သွားတာကြောင့် ကုမ္ပဏီတွေအနေနဲ့ ကုန်ကျစရိတ် သုံးဆတိုးသွားမယ်လို့ ဆိုကြပါတယ်။ 

ကုမ္ပဏီတွေရဲ့ စာမျက်နှာ ၃၈၀ ပါ တရားရုံး တင်သွင်းမှုတွင် အိန္ဒိယ အစိုးရ၏ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း ဆိုင်ရာ စည်းမျဉ်းသစ်သည် တရားမျှတမှု မရှိဘူးလို့ Carrier က စောဒကတက်ခဲ့ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားပါတယ်။ ပြန်လည်အသုံးပြုသူများသည် ယခင်ဈေးနှုန်းများဖြင့် ဆက်လက် လုပ်ကိုင် လိုကြောင်းနှင့် ကုမ္ပဏီများနှင့် ပြန်လည်အသုံးပြုသူများကြား ပုဂ္ဂလိက သဘောတူညီချက်များတွင် အစိုးရမှ ဝင်ရောက် စွက်ဖက်ခြင်း မပြုသင့်ကြောင်း အမေရိကန်ကုမ္ပဏီက တိုင်ကြားထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ 

"ပြန်လည်အသုံးပြုသူများအား ပေးအပ်ရတဲ့ အကျိုးအမြတ်၏ ဝန်ထုပ်ဝန်ပိုးသည် တရားမျှတမှုမရှိဘဲ ထင်သလိုဖြစ်နေတာက ထုတ်လုပ်သူများအပေါ် သက်ရောက်နေပါတယ်" လို့  Carrier ကုမ္ပဏီရဲ့  တရားရုံး တင်ပြချက်ကို ရိုက်တာသတင်းဌာနက  ကိုးကားဖော်ပြခဲ့ပါတယ်။  Tata Group မှ ပိုင်ဆိုင်သော ဂျပန်ရဲ့ Daikin နှင့် Voltas အပါအဝင် အခြားသော အဓိက အသုံးအဆောင် ထုတ်လုပ်သူ များသည် e-waste စည်းမျဉ်းများ အပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလာကြပါတယ်။ အသနားခံစာ ကြားနာမှုကို သြဂုတ် ၁ ရက်သို့ ရွှေ့ဆိုင်းထားပါတယ်။ အိန္ဒိယနိုင်ငံ၏ e-waste စွန့်ပစ်ပမာဏသည် ၂၀၁၇-၁၈ ခုနှစ်တွင် ၇၀၈၄၄၅ မက်ထရစ်တန်မှ ၂၀၂၃-၂၄ တွင် ၁ ဒသမ ၇ သန်းကျော်အထိ ခြောက်နှစ်အတွင်း ၂ ဒသမ ၅ ဆခန့် မြင့်တက်လာခဲ့ကြောင်း The Hindu သတင်းတစ်ပုဒ်အရ သိရပါတယ်။ 


REF: RT             

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)