ဇူလိုင် - ၄ ( သောကြာနေ့ )
PFAS လို့ခေါ်တဲ့ per- နဲ့ polyfluoroalkyl ဒြပ်စင်များသည် ပလတ်စတစ်ဖြင့် အစားအစာထုပ်ပိုးခြင်း၊ မကပ် အိုးခွက်နဲ့ မီးဖိုချောင်သုံးပစ္စည်းများ၊ စွန်းထင်းမှုဒဏ်ခံနိုင်သောအထည်များ၊ သန့်ရှင်းရေးပစ္စည်းများနှင့် တစ်ကိုယ်ရည် စောင့်ရှောက်မှု ပစ္စည်းများကဲ့သို့သော ထုတ်ကုန်များတွင် အသုံးပြုသည့် လူလုပ်ဓာတုပစ္စည်းများ အုပ်စုဖြစ်ပါတယ်။ ၎င်းတို့ကပျော်ဝင်ခြင်း ပျက်စီးခြင်း နည်းကာ တာရှည်ခံမှုကြောင့် ပတ်ဝန်းကျင်နှင့် သက်ရှိခန္တာကိုယ်များထဲတွင် နှစ်အတော်ကြာ ဆက်လက်တည်ရှိနေနိုင်သောကြောင့် “ထာဝရဓာတုပစ္စည်းများ”လို့ ခေါ်ခဲ့ကြပါတယ်။
နယ်သာလန်သားတွေရဲ့ သွေးထဲမှာ “ထာဝရဓာတုပစ္စည်းများ” က ကျန်းမာရေးဘေးကင်းမှု ကန့်သတ်ချက်များထက် ကျော်လွန်နေလေ့ရှိကြောင်း ပထမဆုံး နိုင်ငံလုံးဆိုင်ရာ လေ့လာမှုတစ်ခု က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
ဒက်ချ် အမျိုးသား ပြည်သူ့ကျန်းမာရေး နဲ့ ပတ်ဝန်းကျင်ထိန်သိမ်းရေး (RIVM) မှ ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် စစ်တမ်းတွင် "နယ်သာလန်ရှိ လူတိုင်းတွင် သွေးထဲတွင် PFAS အမျိုးအစားများ ကွဲပြားလျက် ရှိသည်။ လူတိုင်းနီးပါးတွင် PFAS ပမာဏသည် ကျန်းမာရေးကန့်သတ်ချက်တန်ဖိုးထက် ပိုများနေပါတယ်" လို့ ဆိုပါတယ်။
လူ၏ထိတွေ့မှုသည် ပုံမှန်အားဖြင့် ညစ်ညမ်းသောအစားအစာ၊ သောက်ရေ၊ အိမ်သုံးပစ္စည်းများ၊ လေနှင့် မြေဆီလွှာတို့မှတဆင့် ကိုယ်ထဲကို ရောက်လာတာပဲ ဖြစ်ပြီး အချို့ကတော့အိမ်တွင်း ပရိဘောဂ နဲ့ ထုတ်ပို့မှုတို့က လာတာပဲ ဖြစ်ပါတယ်။ လေ့လာမှုများအရ အချို့သော PFAS ဒြပ်ပေါင်းများသည် ကိုလက်စထရောများခြင်း၊ မျိုးမပွားနိုင်ခြင်း၊ ကျောက်ကပ်ပြဿနာများနှင့် ကင်ဆာအချို့ကဲ့သို့သော ကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
ဓာတုပစ္စည်းများနဲ့ ထိတွေ့မှုအဆင့်၊ ကြာချိန် က လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများအပေါ် ပြင်းထန်သော အကျိုးသက်ရောက်မှုများနှင့်အတူ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တယ်လို့ မှတ်ချက်ပြု ထားပါတယ်။ လေ့လာမှုက ၂၀၁၆ မှ ၂၀၁၇ အတွင်း စုဆောင်းထားသော သွေးနမူနာ ၁၅၀၀ ကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီးမှ အတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment