ဇူလိုင် ၄
ဧရာဝတီတိုင်း ၊ မြန်အောင်ခရိုင် ၊ မြန်အောင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ နှင့် မြန်အောင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသော Myanaung Premier League (အမျိုးသားအလွတ်တန်း အမှတ်ပေးဘောလုံးပြိုင်ပွဲ ) အား ဇူလိုင် ၄ ရက် (သောကြာနေ့) ယနေ့တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားကို မြန်အောင်ခရိုင် စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ ၊ မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိလူကြီးများတက်ရောက်ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။
Myanaung Premier league Season 2025 ပထမဆုံး ပွဲစဉ်အဖြစ် 5-star FC နှင့် Happy FC ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ 5-star FC ကပွဲချိန် ၄၈ မိနစ်မှာ ဇော်လင်းထက်က ပထမဆုံး ဂိုးသွင်းယူခဲ့ပြီး Happy Fc အတွက်ချေပဂိုးနှင့် အနိုင်ဂိုးတွေကို ပွဲကစားချိန် ၅၂ မိနစ် နှင့် ပွဲကစားချိန် ၈၀ မိနစ်တို့မှာ ရှင်းသန့်အောင် က သွင်းယူခဲ့ပြီး ပွဲပြီးဆုံချိန်မှာ 5-star FC ကို Happy FC က နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
ညီညီထက်နောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment