ညောင်လေးပင်မြို့၌ လေပြင်းဘေးကြောင့်ပျက်စီး ဆုံးရှုံးသားသောနေအိမ် (၃)လုံးအတွက် ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်လေးပင်မြို့၌ လေပြင်းဘေးကြောင့်ပျက်စီး ဆုံးရှုံးသားသောနေအိမ် (၃)လုံးအတွက် ထောက်ပံ့ငွေပေးအပ်




ညောင်လေးပင်၊ ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၃)ရပ်ကွက် အနောက်စုရပ်တွင် လေပြင်းဘေးကြောင့်ပျက်စီးဆုံးရှုံးသွားသောနေအိမ် (၃)လုံးအတွက်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁၄) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ (၃)ရပ်ကွက်အနောက်စုရပ်တွင်လေပြင်းဘေးကြောင့် အမိုးလန် ပျက်စီးဆုံးရှုံးသွားသော နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၀၀၀၀) ကျပ်၊ လူဦးရေ (၁၄) ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၂၀၀၀၀၀) ကျပ်တိတိအား ညောင်လေးပင်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က လေပြင်းဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)