အဓမ္မဝါဒီ ဦးသူရိယအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထား ကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဓမ္မဝါဒီ ဦးသူရိယအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထား ကြေညာချက်



 

အဓမ္မဝါဒီ ဦးသူရိယအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထား ကြေညာချက်


ရက်စွဲ ။  ။ ၁၃၈၇ ခုနှစ် ဝါဆိုလဆန်း(၁၀) ရက်

၂၀၂၅ ခုနှစ် ဇူလှိုင်လ (၄)ရက် သောကြာနေ့

စာအမှတ်။   ။၂၀ / မ မ ရ သ / ၂၀၂၅


၁။ အရိယာမဏ္ဍိုင် ဦးသူရိယ ၏ ဗုဒ္ဓတရားတော်နှင့် မညီညွတ်သော ဟောပြောမှုများကို တတ်သိပညာရှင်များက စောဒနာ တင်ခဲ့သည်။ စောဒနာတင်ခဲ့သည့်အပေါ်  နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်ဆရာတော်ကြီးများအဖွဲ့နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က စိစစ်၍ အဓမ္မဝါဒ အဖြစ် ဆုံးဖြတ်ခဲ့သော်လည်း ဦးသူရိယ က ဝန်ခံခြင်းမရှိဘဲ ဆက်လက်ဟောပြောမှုများ ဆောင် ရွက်လျက်ရှိသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသော ကြောင့် အရပ်ဖက်အဖွဲ့အစည်းဘက်သို့ ဆက်လက် အရေးယူဆောင်ရွက်ရန် လွှဲပြောင်းပေးထား ပြီးဖြစ်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ က ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း ယနေ့အချိန်ထိ မရှိသောကြောင့် ဦးသူရိယက ဆက်လက်ဟောပြောမှုများ ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ် ဆရာတော်ကြီးများအဖွဲ့နှင့် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးနှင့်အဖွဲ့၏ စစ်မှန်သော ဆုံးဖြတ်ချက်အား သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများက အသိအမှတ်မပြု ဥပေက္ခာပြုရာ ရောက်နေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အရာရှိတစ်ယောက်၏ ဇနီးက ဦးသူရိယကို ကိုးကွယ် ၍ ကာကွယ်ပေးနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

၂။ အဓမ္မဝါဒဟု သက်ဆိုင်ရာ သံဃာ့ဥသျှောင်ဆရာတော်ကြီးများသည်ပင် အလွန်အမင်း စိတ် ဆင်းရဲရမည့် လုပ်ရပ်ဖြစ်သောကြောင့် အဓမ္မဝါဒီ အရိယာမဏ္ဍိုင် ဦးသူရိယနှင့် အဖွဲ့အား သက် ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ အမြန်ဆုံးအကောင်အထည်ဖော် အရေးယူ လုပ်ဆောင်ရန် တိုက် တွန်းတောင်းဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်နေသော လုပ်ရပ် လည်း ဖြစ်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးကို အစဉ်တစိုက် အားကျိုးမာန်တက် လုပ်ဆောင်ပြီး ပါတီစုံရွေးကောက်ပွဲကြီး ကျင်းပပေးနိုင်ရန် အကောင်အထည် ဖော် ဆောင်ရွက်နေသည့် အချိန်အခါတွင် အဓမ္မဝါဒအား ထိရောက်စွာ အရေးယူဆောင်ရွက် ပေးခြင်းဖြင့် ထေရဝါဒဗုဒ္ဓဓမ္မအား ယုံကြည်လေးစား တန်ဖိုးထားကြကုန်သော ရဟန်းရှင်လူ ပြည် သူလူထု၏ အားပေးထောက်ခံမူကို အကောင်အထည်ဖော် သက်သေပြရန် အရေးကြီးသည်။

၃။ လက်ရှိအချိန်အခါသည် နိုင်ငံရေးအပြောင်းအလဲ ရွေးကောက်ပွဲကျင်းပမည့် ကာလအတွင်း ရောက်ရှိ၍ အမျိုးသားရင်ကြားစေ့ရေး အပြစ်အခတ်ရပ်စဲရေး တည်ငြိမ်အေးချမ်းရေးကို အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အချိန်ကာလဟု သိရှိထားသော်လည်း အဓမ္မဝါဒများအား ဖမ်း ဆီးအရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အပေါ် ဆန္ဒထုတ်ဖော် တောင်းဆိုပွဲအား လုပ်ဆောင်ရ လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)အနေဖြင့် လုံးဝ(လုံးဝ) လက်ပိုက် ကြည့် နေမည်မဟုတ်ဘဲ အမှန်တရားလိုလားသူ ဓမ္မဝါဒီ ရဟန်းရှင်လူ ပြည်သူများနှင့်ထပ်တူ အဓမ္မဝါဒီ ဦးသူရိယအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမရှိသည့်အပေါ် ပူးပေါင်းပါဝင် တိုက်တွန်း တောင်းဆိုသွားမည်ဖြစ်ကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)