ဘားအံမြို့၌ သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန် ရေကြီးရေလျှံမှုများဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန် ရေကြီးရေလျှံမှုများဖြစ်ပွား




ဘားအံ၊ ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၀ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေပြီး ဘားအံမြို့ အနိမ့်ပိုင်းလူနေ ရပ်ကွက်များအတွင်း ရေများဝင်ရောက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ရေဝင်ရောက်မှုအခြေအနေ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ပြောင်းရွှေ့နေရာချထားပေး မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြေနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်း ရေများဝင်ရောက်နေမှုအခြေအနေ၊ ဆက်လက်နေထိုင်ရန်မသင့်တော်တော့သည့်နေအိမ်များမှ အိမ်ထောင်စုများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ ကူညီပြောင်းရွှေ့ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ၎င်းတို့နေအိမ်တွင် ဆက်လက်နေထိုင်ရန်မသင့်တော်တော့သည့် အိမ်ထောင်စုများအား သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ မိုးလုံလေလုံအားကစားခန်းတွင် ယာယီပြောင်းရွှေ့နေရာချပေးနေမှုများကို ကြည့်ရှုအားပေးပြီး ယာယီပြောင်းရွှေ့နေထိုင်သည့်အိမ်ထောင်စုများအား စနစ်တကျနေရာချထားပေးနိုင်ရေး၊ သန့်ရှင်းသော သောက်ရေသုံးရေရရှိနိုင်ရေး၊ သန့်စင်ခန်းများပြည်စုံလုံလောက်မှုရှိစေရေး၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)