ဇူလိုင် - ၉
အကောက်ခွန် တိုးမြှင့်မည့် အစီအစဉ်အတွက် ထရမ့်အစိုးရနှင့် ညှိနှိုင်းရန် စီစဉ်ထားကြောင်း ဂျပန်အစိုးရက အင်္ဂါနေ့တွင် ကြေညာခဲ့ပါတယ်။
အမေရိကန်သို့ ပေးပို့သည့် ကုန်ပစ္စည်းအများစုအပေါ် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ အနည်းဆုံး စည်းကြပ်ခွန် အသစ် ၂၅ ရာခိုင်နှုန်း ကောက်ခံ မယ်လို့ ဂျပန်အပါအဝင် နိုင်ငံ ၁၄ နိုင်ငံအား အမေရိကန်က တနင်္လာနေ့တွင် အကြောင်းကြားပြီးနောက်၊ ဂျပန်နိုင်ငံ၏ စီးပွားရေး ပြန်လည်အသက်ဝင်လာရေး ဝန်ကြီး အာကာဇာဝါ က အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝဒ်လတ်နစ် အား ဂျပန်နိုင်ငံအနေနဲ့ မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အာကာဇာဝါ က နှစ်နိုင်ငံကြား "ယုံကြည်မှုက အတိုင်းအတာတစ်ခုအထိ" ရှိနေတာကြောင့် အမေရိကန်နှင့် ဂျပန်အကြား အခွန်စည်းကြပ်မှုမှာ များစွာပြောင်းလဲခြင်းမရှိကြောင်း တနင်္လာနေ့က ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့ပါတယ်။
" သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဂျပန်အစိုးရက အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ရာမှာ အားလုံး စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရမှာ ဖြစ်ပြီး လိုက်နာသင့်သည်များကို လိုက်နာရန်၊ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရာတွင် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည့် သဘောတူညီချက်တစ်ရပ်ကို ရည်မှန်းပြီး အလျင်စလို ဆုံးဖြတ်ချက်များ မချဘဲ ကာကွယ်သင့်သည်များကို အကာအကွယ်ပေးရန်" လို့ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ နဲ့ တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။
"အမေရိကန်အစိုးရသည် ထပ်ဆောင်းအကောက်ခွန်များ စည်းကြပ်ရုံသာမက ယခုအခါတွင်လည်း အကောက်ခွန်နှုန်းထားများ ထပ်မံတိုးမြင့်လာကြောင်း ကြေညာခဲ့ခြင်းအတွက် အလွန်ဝမ်းနည်းဖွယ်ကောင်းပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ နှစ်ဘက်စလုံးက ရိုးသားပြီး ထက်သန်တဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပေမယ့် အခုအချိန်အထိ ဂျပန်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက မဖြေရှင်းနိုင်တဲ့ ကိစ္စရပ်တွေ ရှိနေဆဲလို့ သိရပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment