ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အ-ထ-က(၁၇)တွင် သစ်ပင်များစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အ-ထ-က(၁၇)တွင် သစ်ပင်များစိုက်ပျိုး




အောင်မြေသာစံ  ၊ ဇူလိုင် ၁၄


၂၀၂၅/၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၈)နာရီက မန္တလေး၊အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၁၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းနှင့်ဆရာ၊ဆရာမ (၆၅)ဦး၊ ကျောင်းသား၊ သူ (၁၅၀)ဦးတို့က ပန်းအလှပင်များ၊ အရိပ်ရပင်များ၊ လေကာပင်များ၊ ဟင်းသီးဟင်းနှံပင်များကို တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုး​ကြရာ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။

ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အောင်မြေသာစံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၅၆)ကျောင်းတို့တွင်လည်း ပန်းအလှပင်များ၊ အရိပ်ရပင်များ၊ သီးပင်စားပင်များ စိုက်ပျိုးကြကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)