တရုတ် ခရီးသွားတွေက ထိုင်း ထက် မလေးရှာကို ပိုကြိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ် ခရီးသွားတွေက ထိုင်း ထက် မလေးရှာကို ပိုကြိုက်




ဇူလိုင် - ၁၉ ( စနေနေ့ ) 

ထိုင်းနိုင်ငံရဲ့ အရေးကြီးတဲ့ ခရီးသွားလုပ်ငန်းမှာ တရုတ်ခရီးသွား အရေအတွက်က သိသိသာသာ ကျဆင်း သွားတာကြောင့် တိုင်းပြည်ဝင်ငွေ အတွက် သိသိသာသာ လှုပ်ခတ်မှု ကြုံတွေ့နေရပါတယ်။ စျေးကွက်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ တရုတ်ခရီးသွားဝင်ရောက်မှုက ကိုဗစ် မဖြစ်ခင်ကနဲ့ နှိုင်းယှဉ် ကြည့်ရင် ၃၄ % ကျော်ကျဆင်းသွားခဲ့တာပါ။ 

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ လတ်တလော စာရင်းများအရ ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွား ၁၆.၈ သန်းဝင်ရောက်ခဲ့ပေမဲ့ ယမန်နှစ် အလားတူကာလထက် ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ 

အစဉ်အလာအားဖြင့် တရုတ်ခရီးသွားတွေက ထိုင်နိုင်ငံရဲ့ အဓိကဝင်ငွေ ရပေါက်ရလမ်း တစ်ခုဖြစ်ခဲ့ပါတယ်။  အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့လို ခရီးဝေးဈေးကွက်များမှာ  တိုးတက်မှုအချို့ကို ပြသနေပေမဲ့ အဆိုပါ ဧည့်သည်များ က (ခရီးစဉ်တစ်ခုလျှင် ပျမ်းမျှ ၈၁၄၈၂ ဘတ်)ကိုသာ သုံးစွဲတာဖြစ်လို့ တရုတ်တွေ အဝင်နည်းသွားတာက အခြားနိုင်ငံသားဝင်တာနဲ့ ယှဉ်လိုက်ရင် ဝင်ငွေ ရရှိမှုက ကွာခြားနေပါတယ်။ 

၂၀၁၉တုန်းက တရုတ်ခရီးသွား ၁၁.၁သန်း ဝင်ရောက်ခဲ့ပြီး စုစုပေါင်းလာရောက်မှုရဲ့ ၂၈ % နီးပါးရှိပါတယ်။ တွက်ချက်မှုအရ ဒီနှစ်ထဲမှာ ၅ သန်း တောင်မပြည့်နိုင်ဘူး လို့ သိရပါတယ်။ လက်ရှိ ၅ လထဲမှာ ၂ သန်း ကျော်ကျော်သာ ဝင်ပါသေးတယ်။  

အဲ့ဒိကျဆင်းမှုက ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ၀င်ငွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေသတွင်း အဓိကပြိုင်ဘက်ဖြစ်တဲ့ မလေးရှားက အရှေ့တောင်အာရှတွင် တရုတ်ခရီးသွားများအတွက် ထိပ်တန်းနေရာဖြစ်လာပြီး ထိုင်းနိုင်ငံကို ကျော်တက်သွားခဲ့ပါတယ်။ 

မလေးရှားက တရုတ် နိုင်ငံသားများအတွက်၂၀၂၆ အထိ ဗီဇာကင်းလွတ်ခွင့်များ နှင့် တရုတ်မြို့ကြီးများမှ တိုက်ရိုက်လေကြောင်းပျံသန်းနိုင်မှု တိုးချဲ့ခြင်း အပါအဝင် တက်ကြွသော မဟာဗျူဟာကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။  

ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားဝင်ရောက်မှု ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ "လုံခြုံမှုမရှိသောခံစားချက်" ဖြစ်ပါတယ်။ ဘန်ကောက်မြို့လယ်ရှိ ကုန်တိုက်ပစ်ခတ်မှုနှင့် တရုတ်ခရီးသွားများကို ပြန်ပေးဆွဲခြင်းကဲ့သို့သော ရာဇ၀တ်မှုကြီးတဲ့ ဖြစ်ရပ်များက တရုတ်လူမှုကွန်ရက်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေလို့ ဖြစ်ပါတယ်။ 

အပြန်အလှန်အားဖြင့် မလေးရှားက တရုတ်ဧည့်သည်များကို  "ယုံကြည်မှုနှင့် အဆင်ပြေမှု" အား ဖော်ဆောင်ရာမှာ သိသိသာသာ အောင်မြင်ခဲ့ပါတယ်။ မန်ဒရင်းစကားပြော ဟိုတယ်ဝန်ထမ်းများ၊ တရုတ်ဘာသာစကား ဆိုင်းဘုတ်နှင့် ခရီးသွားအချက်အလက်များ၊ ပိုမိုဘေးကင်း၊ ပိုမိုဝင်ရောက်နိုင်ကာ ပိုမိုရင်းနှီးတဲ့ ခရီးသွားမြို့များကို စီစဉ်ပေးနိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ 


REF: the nation

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)