ဟင်္သာတမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်





ဟင်္သာတ၊ ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ဟင်္သာတမြို့၊အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ဘုရင့်နောင်ခန်းမ၌ ဇူလိုင် ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။ အဆိုပါ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောပွဲတွင် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူမောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဆောင်ရန်ရှောင်ရန် အချက်များ ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး ၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က ကျန်းမာရေးဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊ ဟင်္သာတမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဥက္ကာနှင့်အဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများနှင့် လက်တွေ့သရုပ်ပြရှင်းလင်းဟောပြောခြင်း၊ ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦးက ရှေးဦးသူနာပြုစုနည်း၊ ငလျင်ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရန် အချက်များအား ဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာဌာနများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများပါဝင်၍ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇတ်တိုက်လေ့ကျင့်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟော ပြောပွဲသို့ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူမောင်နှင့် ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာနှင့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်ကွန်ယက် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမွန်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ အင်အား (၃၅၀)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)