တောင်ကြီးမြို့နယ်ရှိ ရေဘေးသင့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့နယ်ရှိ ရေဘေးသင့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်


နေပြည်တော်၊ ဇူလိုင် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ်ကွက်အတွင်းရှိသာသနောဒယပရိယတ္တိစာသင်တိုက်မှ သံဃာတော်များနှင့် ရတနာရပ်ကွက်၊ မင်္ဂလာရွှေဂူရပ်ကွက် တို့မှ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော်ဆေးရုံမှ ဆေးကုသ ရေးအဖွဲ့ က အဆိုပါကျောင်းတိုက်ရှိ မြစန္ဒာဓမ္မဗိမာန်ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၆ ပါးနှင့် ရေဘေးသင့် ဒေသခံပြည်သူ ၂၂၅ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ ဆီးချိုရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး ECG စက်ဖြင့်နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန် ရိုက်ကူး၍ ရောဂါရှာဖွေကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များနှင့်ဒေသခံပြည်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့သို့ဆောင်ရွက်ပေးနေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းနှင့်တာဝန်ရှိသူများကို ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူ များအား စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများသည် သာသနောဒယပရိယတ္တိစာသင်တိုက် ကျောင်းဆရာတော် အား ဖူးမြော်ကြည်ညိုပြီးလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)