သာသနာပြုလုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း(၁)သောင်း လှူဒါန်းခြင်းအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာသနာပြုလုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း(၁)သောင်း လှူဒါန်းခြင်းအခမ်းအနား ကျင်းပ










ရန်ကုန်၊ ဇူလိုင် ၂၄

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ နိကာယ်ငါးရပ် ပိဋကသုံးပုံစာသင်တိုက်ကြီး၏ ရွှေရတုခန်းမ၌ (၂၄-၇-၂၀၂၅)ရက်နေ့ (၀၉ ၄၅)အချိန်တွင် သုတဗုဒ္ဓ ရွှေရတုတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ မော်ကျွန်းဆရာတော်ဘုရား၏ ပရိယတိ ပဋိပတိ သာသနာပြုလုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း(၁)သောင်း လှူဒါန်းခြင်းအခမ်းအနား ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဌေးအောင် နှင့် အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလွင် နှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှူဒါန်းမှုတွင် နှစ်ဖက်သောဘိုးဘွားမိဘများအား ရည်စူးအမှူးထား၍ (ဦးအထင်+သုဓမ္မသိင်္ဂီဒေါ်စိန်)နှင့် (ဦးခွန်ကျော်လှိုင်)၊ ဦးလှထွန်း+ဒေါ်နန်းညွှန့်တင်၊ ဦးတင်ရွှေ+အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဒေါ်နန်းသက်စုလှိုင်ထွန်း စိန်မေတ္တာ မိသားစုတို့မှ လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး အလှူငွေအား လူမှုရေးဝန်ကြီး ဦးဌေးအောင်မှ လက်ခံယူပေးခဲ့၍ ဝါဆိုသင်္ကန်းများ ဆက်ကပ်ခဲ့ကြသည်။

ထို့နောက် ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်) ဘုရားကြီးမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရားချီးမြှင့်ခြင်း၊ ရေစက်သွမ်းချအမျှဝေပေးခြင်းများ ပြုလုပ်ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)