ပေါင်၊ ဇူလိုင် ၂၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာဆင့်ပွါးသင်တန်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ် မဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော် က မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုခြင်းဆိုင်ရာကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များ၊မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်းအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းခဲ့ပါတယ်။
ထို့နောက် အခမ်းအနားတက်ရောက်လာသော တပ်နယ်မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊သင်တန်းသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
ယခုသင်တန်းမှာ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့ မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင် ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန် အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့် အခြေအနေစသည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို ဇူလိုင်လ ၂၄ ရက်မှ ၂၇ ရက်နေ့ အထိ ဖွင့်လှစ်၍ မဲရုံတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာများ စုစုပေါင်း (၆၅၇)ဦးအား သင်တန်းဆရာ(၈)ဦးဖြင့် ခေတ်မီနည်းဖြင့် သင်ကြားပြသသွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost






No comments:
Post a Comment