ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ



နေပြည်တော်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်၊ ဆွမ်းဦးပုညရှင်စေတီတော်၊ ရတနာ စေတီဆင်များရှင်ဘုရား၊ ထူပါရုံစေတီတော်နှင့် မဟာစေတီများရှိ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သောသာသနိက အဆောက်အအုံများ ဘက်စုံပြန်လည်ပြုပြင်နေသည့် အခြေအနေ များနှင့် စေတီတော်ပုရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုအခြေအနေတို့ ကိုလည်းကောင်း၊ ရတနာဒီပံချောင်ကျောင်းတိုက်၊ ပထမဂန္ဓာရုံကျောင်းတိုက်နှင့် ရွှေစေတီ ကျောင်းတိုက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံ များကို အပြီးသတ် ဖယ်ရှားရှင်းလင်းနေမှုအခြေအနေတို့အားလည်းကောင်း၊ စိန်ကုန်ရပ်ကွက် နှင့် ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံ အပြိုအပျက်များကို စက်ယန္တာရားကြီး အသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုအခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ် ဆေးပြီး လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်ရှိ ဇိနောဒယပရိယတ္တိစာသင်တိုက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းသံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကာရုဏိကနှင့် ဆရာတော်သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီး၊ ကုလားပဲတို့အား ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဇိနောဒယပရိယတ္တိစာသင်တိုက်ရှိ ရဟန်း၊ သာမဏော၊ သီလရှင်၊ ယောဂီ များကို တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးကုသရေး အဖွဲ့ တို့ပူပေါင်း၍ ကျန်းမာရေး ဆေးစစ်ဆေးခြင်း၊ ဆေးဝါကုသပေးခြင်း၊ ခြင်ဆေးဖျန်းပေးခြင်း စသည်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကို ကြည့်ရှုအားပေးသည်။

အလားတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဉသျှောင် ရပ်ကွက်၊ ဒက္ခိဏရာမဘုရားကြီးတိုက်သို့ရောက်ရှိပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သော သိမ်ကျောင်းအား တပ်မတော်သားများမှ အင်တိုက် အားတိုက် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအားလည်းကောင်း၊ အာနန္ဒာမြတ်စွာ ဘုရားအတွင်း စေတီတော်အထက်ပိုင်းရှိ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနိုင်ရန် အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်အားပေးဆောင်ရွက်ကြသူများအား စားသောက်ဖွယ်ရာများပေးအပ်ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် အောင်မြေသာစံ မြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ Sky Villa နေရာသို့သွားရောက်၍ရှင်းလင်းရန်ကျန်ရှိနေသည့်“ A” ဆောင်အား စက်ယန္တရားကြီး များအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်နေသည့် အခြေအနေများအားလည်းကောင်း၊ ချမ်းအေးသာစံ မြို့နယ်၊ စိတ္တရမဟီရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံအပျက်အစီးအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ် ဖယ်ရှား ရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်၊ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ လျှပ်စစ်မီးကြိုးများအား စနစ်တကျ ကြိုတင်ရှင်းလင်း ဆောင်ရွက်နိုင်ရေး၊ နေ့စဉ်အများပြည်သူ အသုံးပြုမှုများသည့် လမ်းမကြီးများဖြစ်သည့်အတွက် လမ်းပိတ်ဆို့မှု မဖြစ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးတို့အား မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)