ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)၌ ဗီယက်နမ်နိုင်ငံမှ ကလေးနှလုံးအထူးကု ဆရာဝန်နှင့်ပူးပေါင်း၍ မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ကုသမှုဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)၌ ဗီယက်နမ်နိုင်ငံမှ ကလေးနှလုံးအထူးကု ဆရာဝန်နှင့်ပူးပေါင်း၍ မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ကုသမှုဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၃၁

ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများသည် မွေးရာပါ နှလုံးရောဂါများကို ရင်ခေါင်းဖွင့်၍ ဆောင်ရွက်သော ခက်ခဲသည့် ခွဲစိတ်ကုသမှုများနှင့် ခွဲစိတ်ရန်မလိုဘဲ နှလုံးနှင့်သွေးကြောအထူး ကုသစက် (Cardiac Catheteri-zation Lab) အသုံးပြု၍ ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာမှ ကျွမ်းကျင်သူ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများ၊ အထူးကုအဖွဲ့များနှင့် ပူးပေါင်း၍ ကုသမှုများဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children’s Hospital No. 1 မှ ကလေးနှလုံးအထူးကု ဆရာဝန် Dr. Do Nguyen Tin သည် မြန်မာနိုင်ငံမှ ပါမောက္ခ ဒေါက်တာခင်မောင်ဦး၊ ပါမောက္ခ (ကလေးနှလုံးဆေးကု) ခေါင်းဆောင်သော ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများနှင့်အတူ မွေးရာပါ နှလုံးရောဂါ ကလေးလူနာ ၁၇ ဦးအား ခွဲစိတ်စရာမလိုဘဲ နှလုံးနှင့် သွေးကြောအထူးကုသစက် (Cardiac Catheterization Lab) ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော အဆို့(Device)များ၊ ဆေးနှင့် ဆေးပစ္စည်းများ အသုံးပြု၍ ကုသခြင်းနှင့် ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကလေးလူနာများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ ပြန်လည်ခေါ်ယူပြီး Follow up ကြည့်ရှုခြင်းနှင့် နှလုံးစမ်းသပ်စက် (Echo) ရိုက်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေး ခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ ကလေးလူနာများ၏ အခြေအနေသည် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်) ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ ကလေး နှလုံးရောဂါဝေဒနာရှင် ၄၉၆ ဦးအား မခွဲစိတ်ရဘဲ နှလုံးနှင့် သွေးကြော အထူးကုသစက်များ အသုံးပြု၍ လည်းကောင်း၊ ကလေးနှလုံးရောဂါဝေဒနာရှင် ၄၈၈ ဦးအား ခွဲစိတ်ကုသမှုများဆောင်ရွက်၍ လည်းကောင်း အောင်မြင်စွာ ကုသမှုများပေးနိုင်ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)