မင်းဘူး၊ ဇူလိုင် ၃၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး မင်းဘူးခရိုင်နှင့် မြို့နယ်၊ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့က မင်းဘူးမြို့နယ်ပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီးပါတီမှ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီမှ ဥက္ကဋ္ဌ ဦးစိန်ရွှေမင်း၊ အတွင်းရေးမှူး ဦးတင်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်ခိုင်မိုး၊ မင်းဘူးမြို့နယ်ပါတီမှ ဥက္ကဋ္ဌ ဦးကျော်ဝင်းမြင့်၊ အတွင်းရေးမှူး ဒေါ်စပယ်မင်း၊ ဘဏ္ဍာရေးမှူး ဦးပန်းစိန်၊ မြို့နယ်ပါတီကော်မတီ နယ်မြေတာဝန်ခံများ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးပါတီဝင်များ တက်ရောက်ကြသည်။
တွေဆုံပွဲတွင် ပါတီဗဟိုအတွင်းရေးမှူးနှင့် တိုင်းပါတီဥက္ကဋ္ဌတို့က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအကြောင်း၊ ဇူလိုင် ၂၉ ရက်နေ့က ထွက်ရှိသည့် လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ပြင်ဆင်သည့်အကြောင်းနှင့် ပါတီအဆင့်ဆင့်ရှိ ကော်မတီဝင်များ ဆောင်ရွက်ရန်လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment