ကျမအဖေကို ICCက ဖမ်းထားစရာ ဘာအကြောင်းမှ မရှိဘူးလို့ ဆာရာဒူတာတေးပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျမအဖေကို ICCက ဖမ်းထားစရာ ဘာအကြောင်းမှ မရှိဘူးလို့ ဆာရာဒူတာတေးပြော


ဇူလိုင် - ၃၁ ( ကြာသပတေးနေ့ ) 

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး ရဲ့ သမီးဖြစ်သူ ဆာရာ ဒူတာတေးက သူမရဲ့ ဖခင်အား ထောင်ထဲတွင် ထိန်းသိမ်းထားမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကို ရှုတ်ချခဲ့ပြီး ဒူတာတေး လုပ်ခဲ့တဲ့ပြစ်မှုတွေလို သံသယအဝင်ခံရတဲ့ ကိစ္စတွေ အတွက် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် အခွင့်အာဏာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အိုင်စီစီမှ နုတ်ထွက်ပြီး ခြောက်နှစ်အကြာ ၂၀၂၅ ခုနှစ် မတ်လတွင် ရိုဒရီဂို ဒူတာတေးကို ဖမ်းဆီးလိုက်ပြီး သူ့ရဲ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုနဲ့ ဆက်နွှယ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်ဖြင့် နယ်သာလန်သို့ လွှဲပြောင်းခြင်း ခံလိုက်ရတာပါ။ သူ့ကို သည်ဟေ့ဂ်မြို့တွင် ထိန်းသိမ်းထားပြီး စွဲချက်တင်ဖို့လုပ်နေတာပါ။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ဆာရာက အိုင်စီစီစွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းအား ဖမ်းဆီးခြင်းက အိုင်စီစီရဲ့  ဥပဒေမဲ့လုပ်ရပ်ပါလို့ ကင်ပွန်းတပ် လိုက်တာပါ။ 

"ကျမတို့ နိုင်ငံ ICC ကနေ နုတ်ထွက်ပြီး တစ်နှစ်ကျော်ကြာတော့မှ စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာပါ။" ကျမပြောချင်တာက သူတို့ စုံစမ်းစစ်ဆေးမှု လုံးဝမပြုလုပ်သင့်ပါဘူး၊ ဘာလို့လဲ ဆိုတော့ သူတို့ လုပ်ဆောင်နိုင်တဲ့ အချိန်အကန့်အသတ် ကုန်သွားတာမို့လို့ပါ” လို့  တနင်္ဂနွေနေ့ကပြုလုပ်တဲ့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဖိလစ်ပိုင်နိုင်ငံသားများ စည်းဝေးပွဲ၌ ဆာရာ ပြောကြားခဲ့ပါတယ်။ 

 “သူတို့က နောက်ကြောင်းပြန်စုံစမ်းစစ်ဆေးမှု လုပ်နေတာပါ။ အဲ့လိုတွေသာလုပ်နေရင် နောင်နှစ်တစ်ရာလောက် ကြာတဲ့ အခါမှာလည်း အမှုတွေကို စုံစမ်းစစ်ဆေးဖို့ လိုက်လုပ်ကုန်တော့မှာပေါ့။ အဲ့ဒါက အလေ့အကျင့်ဖြစ်လာရင် ဘယ်လိုလုပ်ကြမှာတုန်း။ ကျမက အဲဒါကို လက်မခံနိုင်ဘူး။ အဲဒါကြောင့် ကျမရဲ့ ရှေ့နေတွေက ဒီအမှုကို ပယ်ချဖို့ တောင်းဆိုနေကြတာပါ။ တရားရုံးမှာ စီရင်ပိုင်ခွင့်မရှိတော့ပါဘူး" လို့ ဆိုပါတယ်။ 

ICC ဘက်ကတော့ ဖိလစ်ပိုင်နိုင်ငံက ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ICC အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့တာကြောင့် ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် ရာဇဝတ်မှုများအတွက် တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ အခိုင်အမာပြောဆိုထားပြီး စက်တင်ဘာ ၂၃ ရက်နေ့ ရုံးချိန်းကို ချိန်းဆိုထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)