အီရန်က ကုလသမဂ္ဂ အဖွဲ့ IAEA ရဲ့ စစ်ဆေးမှုကို အလုပ်မခံတော့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီရန်က ကုလသမဂ္ဂ အဖွဲ့ IAEA ရဲ့ စစ်ဆေးမှုကို အလုပ်မခံတော့



ဇူလိုင် - ၃ ( ကြာသပတေးနေ့ ) 

အီရန်နျူကလီးယားစက်ရုံများရဲ့ လုံခြုံရေးနဲ့ လုပ်ဆောင်ချက်များကို အာမခံချက် မရရှိမချင်း အီရန်အစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ 

အီရန်ပါလီမန်က IAEA နှင့် ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ရေး ဆုံးဖြတ်ချက်ကို ဇွန်လ ၂၅ ရက်က အတည်ပြုခဲ့ပြီးနောက် ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်းကိုလည်း အီရန်သမ္မတ မာစွတ် ပီဇီရှကီရန် က နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် မနေ့က ကြေညာခဲ့ကြောင်း Politico သတင်းဌာနကဖော်ပြခဲ့ပါတယ်။  

အီရန် နျူကလီးယားစက်ရုံများရဲ့ လုံခြုံရေးနှင့် ငြိမ်းချမ်းသောနျူကလီးယားလုပ်ဆောင်မှုများကို အာမခံချက် ရရှိမှသာ IAEA ကို အီရန်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမှာဖြစ်ကြောင်း၊ မဝင်ရောက်မီ အီရန်အမျိုးသား လုံခြုံရေး ကောင်စီရဲ့  ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း အီရန်အစိုးရပိုင် Mehr သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ဇွန် ၂၁ ရက်က အီရန်နျူကလီးယား သန့်စင်ရေး စက်ရုံ ၃ ခုကို အမေရိကန်က တိုက်ခိုက်မှုလုပ်ခဲ့တာကလည်း  နိုင်ငံတကာ သဘောတူညီချက်တွေကို မလိုက်နာတဲ့ဖြစ်စဉ်ဖြစ်ကြောင်း  နိုင်ငံရေးအရ လှုံ့ဆော်တဲ့ အစီရင်ခံစာတွေ ထုတ်ပြီး အီရန်နိုင်ငံကို ပျက်စီးသွားအောင် လုပ်ဆောင်နေကြောင်း အီရန်လွှတ်တော်အမတ်တွေက စွပ်စွဲထားပါတယ်။

အီရန်က IAEA အကြီးအကဲနဲ့ စစ်ဆေးရေးအဖွဲ့တွေကို ပြည်ဝင်ခွင့် ပိတ်လိုက်သလို နျူ့စက်ရုံတွေမှာ ရှိတဲ့ IAEA ရဲ့ ထောက်လှမ်းရေး ကင်မရာတွေကိုလည်း ဖျက်ဆီး လိုက်ပါတယ်။ IAEA အကြီးအကဲ ဂရောစီကတော့ သူတို့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးခွင့် မပြုတာက နိုင်ငံတကာ သဘောတူညီချက်စာချုပ်တွေကို ချိုးဖောက်တာနဲ့ အတူတူပဲလို့ ပြန်လည်ချေပထားပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)