မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျောက် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုကွန်ရက် များကို တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျောက် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုကွန်ရက် များကို တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး



နေပြည်တော်၊ ဇူလိုင် ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်  ၁၄၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမို တိုးမြှင့်ခိုင်မာစေရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်ဒေသတစ်လျောက် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုကွန်ရက် များကို တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊  ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် မြန်မာ-တရုတ်-ထိုင်း (၃) နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းမြှင့်တင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြ ကြောင်းသိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)