ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/ အားကစားရုံများနှင့် ရေကူးကန်ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/ အားကစားရုံများနှင့် ရေကူးကန်ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၁၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းပျက်စီးမှုများ ပြုပြင်ရေးလုပ်ငန်းများ၊ လေ့ကျင့်ရေးရေကူးကန်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Max Myanmar Co.,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ပြုပြင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် မော်တော်ယာဉ်ပတ်လမ်းများတွင် မြေကျွံပျက်စီးနေမှုများ ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ လေ့ကျင့်ရေးရေကူးကန်ကြမ်းခင်းကျွံကျနေမှု၊ အုတ်နံရံပြိုကျနေမှုနှင့် ရေသန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများ ရေကူးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန်နှင့် ရေကူးသင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရန် ရေကူးကန်အား အမြန်ဆုံးဦးစားပေးပြုပြင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။       


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)