ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ လပတ်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား KNLA သူပုန်အဖွဲ့နှင့် ပြည်ဖျက်အကြမ်းဖက် PDF အဖွဲ့များမှ သေနတ်များ၊ ဓားများဖြင့် အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်၊ ခုတ်ဖြတ် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက်
ရက်စွဲ ။ ။ ၁၃၈၇ ခုနှစ် ဝါခေါင်လဆန်း(၄)ရက်
၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၈)ရက် တနလ်ာနေ့
စာအမှတ် ။ ။ ၂၁ / မမရသ /၂၀၂၅
၁။ ၂၅-၇-၂၀၂၅ သောကြာနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ လပတ်ကျေးရွာသို့ နံနက် (၁)နာရီ အချိန်တွင် ရွာ၏ အနောက်မြောက်ဘက် အရှေ့ဘက်တို့မှ ဝင်ရောက်လာပြီး လူမမယ်ကလေး သူငယ်များနှင့် သက်ကြီးရွယ်အို အဘိုးအဖွားများ အပါအဝင် အပြစ်မဲ့ရွာသူ ရွာသားများအား ရက်စက် ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်၊ ခုတ်ဖြတ် သတ်ဖြတ်ခဲ့ကြသည့်အတွက် လသားအရွယ် ကလေးငယ်များ အပါအဝင် (၁၃)ဦး သေဆုံးပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ကရင်တိုင်းရင်းသား လက်နက် ကိုင် KNLA သောင်းကျန်းသူအဖွဲ့မှ ပြည်ပသြဇာခံ NUG, CRPH အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ ပြည်ဖျက် အကြမ်းဖက် လူသတ် PDF အဖွဲ့ကို အားပေးကူညီကာ ယခုလို ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်မျိုး မလုပ် ဆောင်သင့်ပါ။ ကရင်လက်နက်ကိုင် အဖွဲ့များအပေါ် ယုံကြည်မှု မဲ့စေသော လုပ်ရပ်ဖြစ်သည်။
ယခုလို လုပ်ရပ်မျိုးကို လူသားခြင်းစာနာထောက်ထား ကြကုန်သော လူစိတ်ရှိကြသည့် မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းကမှလည်း ထောက်ခံ အားပေးကြမည် မဟုတ်ပါ။
၂။ ပြည်ပသြဇာခံ ပြည်ဖျက်အကြမ်းဖက် NUG, CRPH အဖွဲ့တို့သည် ၎င်းတို့၏ လက်ဝေခံ အကြမ်းဖက် လူသတ် PDFအဖွဲ့များကို ဖွဲ့စည်းကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအား နည်းလမ်းမျိုးစုံဖြင့် အစိတ်စိတ် အမွှာမွှာဖြစ်အောင် အဖျက်အမှောင့်လုပ်ရပ်များကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေကြသည်။ ၎င်းတို့၏ အကြမ်းဖက် ပြည်ဖျက် လူသတ် လုပ်ရပ်များအား ထောက်ခံအားပေးခြင်းမရှိသည့် အပြစ်မဲ့ နိုင်ငံ ဝန်ထမ်းများနှင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် ခေါင်းစဉ်မျိုးစုံတပ်၍ နေ့စဉ်နဲ့အမျှ သတ်ဖြတ် နေခဲ့ကြသည်။ ဘုရားကျောင်းကန်များအတွင်း တိုက်ပွဲဖော်ဆောင်ခြင်း၊ စာသင်ကျောင်းများအတွင်း တိုက်ပွဲ ဖော်ဆောင်ခြင်း၊ ဆေးရုံ ဆေးခန်းဝန်းများအတွင်း တိုက်ပွဲဖော်ဆောင်ခြင်းများဖြင့် လုပ်ဆောင်ယုံမျှမက ကားလမ်း၊ ရထားလမ်းများနှင့် မြစ်ကူး ချောင်းကူး ချောက်ကူး တံတားများကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ကြ သည်။
၃။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ ပြည်ထောင်စုကြီးကို အစိတ်စိတ် အမွှာမွှာ ပြိုကွဲအောင် ပြည်ဖျက် အကြမ်းဖက် လူသတ်လုပ်ရပ်များအား လုပ်ဆောင်နေကြသည့် NUG, CRPH, PDF အဖွဲ့အစည်းများအပေါ် အားပေးကူညီခြင်း၊ ထောက်ခံအားပေးခြင်း၊ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်းများ လုံးဝ(လုံးဝ) မလုပ်ဆောင်ကြဘဲ ပြည်ထောင်စုစိတ်ဓာတ်အခြေခံ၍ တိုင်းရင်းသား စည်းလုံးညီညွတ်စွာ နေထိုင်ရေးကို အလေးထားကာ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးကြရန် တိုက်တွန်း တောင်းဆိုသည်။
ကျောက်ကြီးမြို့နယ်၊ လပတ်ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သော လသားအရွယ်ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများကိုပါ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် KNLA တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နှင့် ပြည်ဖျက် အကြမ်းဖက် NUG, CRPH, PDF အဖွဲ့များ၏ လုပ်ရပ်သည် ကြားသိ၊ မြင်တွေ့ရသူတိုင်း ရွံရှာစက်စုပ်ဖွယ်ရာ ယုတ်မာရိုင်းစိုင်းသော လုပ်ရပါဖြစ်သည်။ အပြစ်မဲ့ ပြည်သူများ အပေါ် ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ ခေါင်းစဉ်မျိုးစုံတပ် သတ်ဖြတ်နေမှုအားလုံးကို မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ(ရန်ကုန်)မှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း သဘောထားကြေညာချက် ထုတ်ပြန် လိုက်သည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)
https://t.me/MyanmarNationalPost


No comments:
Post a Comment