အစ္စလာမာဘတ်၊ ဇူလိုင် ၂၈
အစ္စလာမာဘတ်မြို့ရှိ အာဆီယံကော်မတီ (ACI) ၏ ဥက္ကဋ္ဌဖြစ်သူ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏဟန်မှ အာဆီယံကော်မတီအကြီးအကဲများ အစည်းအဝေး၊ အာဆီယံဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးခြင်း အခမ်းအနားနှင့် နေ့လယ်စာကို အစ္စလာမာဘတ်မြို့ရှိ မြန်မာသံအမတ်ကြီး နေအိမ်၌ ဇူလိုင်လ ၂၅ ရက်၊ သောကြာနေ့ နံနက် ၁၀:၃၀ နာရီတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြန်မာ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်စဉ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အစီအစဉ်များ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Ishaq Dar အား နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဂါရဝပြု သွားရောက်တွေ့ဆုံခဲ့ခြင်း၊ ပါကစ္စတန်နိုင်ငံ Federal Pakistan Chamber of Commerce and Industry တွင် ပါကစ္စတန် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး Mr. Qaiser Ahmad Shaikh ၊ စားနပ်ရိက္ခာ လုံခြုံရေးနှင့် သုတေသနဝန်ကြီးဌာန ဝန်ကြီး Mr. Rama Tanveer Hussain တို့နှင့် ပါကစ္စတန်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း၊ အာဆီယံနေ့ အောင်မြင်စွာ ကျင်းပရေး စသည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Rongvudhi Virabutr သို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် Ms. Amna Baloch နှင့် တွဲဖက် နိုင်ငံခြားရေးအတွင်းဝန် Mr. Imran Ahmed Siddiqui တို့ တက်ရောက်၍ အာဆီယံသံအမတ်ကြီးများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြပြီး မြန်မာသံအမတ်ကြီးက မြန်မာထမင်းဟင်းလျာများဖြင့် နေ့လယ်စာ တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment