KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီသိမ်းပိုက်ထား သည့် မိုးဗြဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီသိမ်းပိုက်ထား သည့် မိုးဗြဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်












နေပြည်တော်၊ ဇူလိုင် ၆

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ် အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်၏ မြို့တော် ဖြစ်သည့် ပြည်နယ်အစိုးရ ရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ လူနေအဆောက်အအုံများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၌ စစ်ရေးပစ်မှတ် မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီးများ အကူအညီဖြင့် တပ်မတော်စစ်ကြောင်းများ၏ အလစ်အငိုက်ရယူ၍ ဝင်ရောက်ပစ်ခတ်ခြင်း၊ ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် လွိုင်ကော်မြို့သိမ်းတိုက်ပွဲအား စတင်ဆောင်ရွက်ခဲ့ရာ မြို့လုံခြုံရေးတပ်များ၊ နယ်မြေခံ တပ်မတော်စစ်ကြောင်းများဖြင့် အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သလို စစ်ကူ စစ်ကြောင်းများကလည်း အချိန်မီရောက်ရှိ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့ လွိုင်ကော်မြို့ အကြမ်းဖက်သောင်းကျန်းသူများလက်အောက် မကျရောက်စေရေး တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပါ ပူးပေါင်းပါဝင်၍ တိုက်ပွဲဝင်စဉ် အုပ်ချုပ်မှုဆိုင်ရာများဖြည့်ဆည်းပေးရသည့် ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော် လမ်းကြောင်း နှင့် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းကြောင်းကိုလည်း အကြမ်းဖက်သောင်း ကျန်းသူများက ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။

အဆိုပါအခြေအနေတွင် ပထမဦးစွာ တပ်မတော်စစ်ကြောင်းများက ဆီဆိုင် မြို့၌ပိတ်ဆို့ထားသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ရှင်းလင်းခဲ့ရာ မေလ ၁၅ ရက်နေ့တွင် ဆီဆိုင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ၎င်းမှတစ်ဆင့် ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော်လမ်းကြောင်းအား ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့မှစ၍ ရှင်းလင်းခဲ့ရာ မေလ ၂၉ ရက်နေ့တွင် လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သလို လွိုင်ကော်မြို့သိမ်းရန် အကြမ်းဖက်သောင်းကျန်းသူများ၏ စိတ်ကူးယဉ်အိပ်မက်ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းများက အပြီးတိုင်ရိုက်ချိုးခြင်းဖြင့် လွိုင်ကော်မြို့တစ်မြို့လုံးအား ထိန်းချုပ် နိုင်ခဲ့သည်။ ဆက်လက်၍ ကျန်ရှိနေသည့် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းကြောင်းဖွင့်လှစ်နိုင်ရေး လွိုင်ကော်မြို့မှ ဆုတ်ခွာခဲ့သည့် အဓိကအကြမ်းဖက်အဖွဲ့များပါ ပူးပေါင်း၍ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေးကိုလည်း စီမံဆောင်ရွက်ခဲ့သည်။

မိုးဗြဲမြို့၏ နောက်ဆုံးအခြေအနေအား နည်းလမ်းမျိုးစုံဖြင့် သတင်းဖော်ထုတ် ခဲ့ရာ KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် Free Burma Ranger အဖွဲ့ဝင်အချို့ ကိုယ်တိုင်ပါဝင်ပြီး လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့် ဆေးကုသရေးအဖွဲ့များပါ ပူးပေါင်း၍ မိုးဗြဲမြို့နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကျေးရွာသူ၊ ကျေးရွာသားများ အသွင်ဖြင့် စိမ့်ဝင် ပုံဖျက် ဝင်ရောက်ပြီးနောက် ဒေသအချို့ရှိ အင်အားနည်း တပ်မတော်တပ်စခန်းများနှင့် လုံခြုံရေး တပ်ဖွဲ့များ၏ တပ်ဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက် အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်း များအား အတင်းအဓမ္မ လုယက်ယူဆောင်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် ဆက်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ အချက်အချာလမ်းဆုံတစ်ခုဖြစ်သည့် မိုးဗြဲမြို့ တစ်မြို့လုံးအား ထိန်းချုပ်ခြင်းဖြင့် ဆက်သွယ်ရေးလမ်းကြောင်းဖြတ်တောက်ကာ ဒေသခံတိုင်းရင်းသားများအား အဓမ္မ နှင်ထုတ်ခြင်း၊ အခိုင်အမာခံစစ်ပြုလုပ်တပ်စွဲခြင်းနှင့် နိုင်ငံတော်အစိုးရအုပ်ချုပ်မှု ယန္တရားတစ်စိတ်တစ်ပိုင်း ပျက်ပြားစေခြင်းတို့ ဆောင်ရွက်ခဲ့မှုကြောင့် ရိုးသားစွာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် ဒေသခံတိုင်းရင်းသားများ၊ မှီခို ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ဘေးဒုက္ခကြီးစွာဖြင့် နီးစပ်ရာ မြို့၊ ရွာများနှင့် ယာယီတိုက်ပွဲရှောင်နေရာများသို့ သွားရောက်နေထိုင်ခဲ့ကြောင်း သတင်းဖော်ထုတ်ရခဲ့သည်။

သို့ဖြစ်ပါ၍ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် မိုးဗြဲဒေသတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter Terrorism Operation)ကို ၂၀၂၅ ခုနှစ်၊ နှစ်ဦးပိုင်းမှစ၍ အဆင့်ဆင့်ခြေကုတ်ယူ၍ ချေမှုန်းဆောင်ရွက်ခဲ့ရာ မိုးဗြဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အဓိက အုပ်ချုပ် ထောက်ပံ့မှုပြုသည့် ဖယ်ခုံ၊ မိုးဗြဲ အနောက်ဘက်ခြမ်းနှင့် မိုးဗြဲမြို့၏ အရှေ့ဘက်ခြမ်း တို့အား ထိန်းချုပ်လျက် အဓိကစစ်ကြောင်းများက မြို့၏ မြောက်ဘက်ခြမ်း သစ်ရာကုန်း ရပ်ကွက်နှင့် စည်ကား(၂)ရပ်ကွက် တို့မှစ၍ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူ အချို့ ရယူ၍ စနစ်တကျ အဆင့်ဆင့် ခြေကုပ်ယူခဲ့ပြီး ၎င်းမှတစ်ဆင့် ကျန်ရပ်ကွက် (၁၄)ခုကျော်အား ရပ်ကွက်တစ်ခုချင်းအလိုက် အကြမ်းဖက်သမားများ အခိုင်အမာ ခံစစ်ပြုလုပ်ထားသည့် မြေပေါ်မြေအောက် ဘန်ကာများ၊ အုတ်တံတိုင်းဖောက်၍ ပစ်ပေါက်နေရာများ၊ အထပ်မြင့် အဆောက်အအုံများအပါအဝင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဆေးရုံနေရာများတို့အား ခက်ခက်ခဲခဲဖြင့် ရင်ကိုမြေကတုတ် ပြုလုပ်၍ စွန့်လွတ်စွန့်စားစွာဖြင့် အချိန်ယူရှင်းလင်းခဲ့ကြရာ စစ်ဆင်ရေးကာလ (၆) လ အတွင်း ရန်သူနှင့် တိုက်ပွဲကြီးပေါင်း (၂၁၅)ကြိမ်၊ ထိတွေ့မှုပေါင်း(၄၀၀)ကြိမ် ဖြစ်ပွား ခဲ့ပြီး မိုးဗြဲမြို့၏ တောင်ဘက်အစွန်ဆုံး မွေတော်ဘုရားရှိရာ မြို့မရပ်ကွက်အား ဇူလိုင်လ ၅ ရက်နေ့တွင် လည်းကောင်း၊ အရှေ့ဘက်အစွန်ဆုံး ရပ်ကွက်ဖြစ်သည့် ညောင်ဝိုင်းရပ်ကွက်အား ဇူလိုင်လ ၆ ရက်နေ့၊ ယနေ့နေ့လယ်ပိုင်းတွင် လည်းကောင်း အကြမ်းဖက် KNPP ၊ KNDF နှင့် ၎င်းတို့၏မဟာမိတ် အကြမ်းဖက်အဖွဲ့ တပ်ပေါင်းစုများ အပါအဝင် အဆိုပါတိုက်ပွဲအတွင်း ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သည့် Free Burma Ranger အဖွဲ့များနှင့် လူသားချင်းစာနာထောက်ထားခြင်း ခေါင်းစဉ်ဖြင့် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆေးကုသရေးအဖွဲ့များအား မြန်မာ့တပ်မတော်မှ အပြီးတိုင် ချေမှုန်းသုတ်သင်လျက် မိုးဗြဲမြို့တစ်မြို့လုံးအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ဆင်ရေးတစ်ခုလုံးတွင် တိုက်ပွဲကြီးငယ် (၆၁၅)ကြိမ်၊ ရန်သူအလောင်း(၂၄) လောင်း၊ လက်နက် မျိုးစုံ(၆၃)လက် အပါအဝင် အခြားအရေးကြီး စာရွက်စာတမ်းများနှင့် Video File များ သိမ်းဆည်းရမိခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် မိုးဗြဲမြို့အတွင်းသို့ ရောက်ရှိနေစဉ် အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက် အဦများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ် အဆောက်အအုံများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။

ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း တပ်မတော်စစ်ကြောင်းများမှ နိုင်ငံတော်နှင့် တပ်မတော်အတွက် စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူအချို့နှင့် ဒဏ်ရာ ကြီးငယ်ရခဲ့သူအချို့ရှိခဲ့ကြောင်းလည်း သိရှိရသည်။ ဆက်လက်၍ တပ်မတော်စစ် ကြောင်းများက မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့တို့အား ဆက်သွယ်ထားသည့် လမ်းကြောင်း ပေါ်ရှိ ရှင်းလင်းရန်ကျန်ရှိနေသည့် (၄.၅)ကီလိုမီတာအကွာအဝေးအား အပြီးတိုင် ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေး လမ်းမကြီးအား မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

အလားတူ လွိုင်ကော်၊ ဆီဆိုင် လမ်းကြောင်းအား အဆိုပါအကြမ်းဖက် အဖွဲ့များက ပိတ်ဆို့ဟန့်တားနှောင့်ယှက်မှုကိုလည်း တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာ ရှင်းလင်းဖယ်ရှားနိုင်ခဲ့သည့်အတွက်လည်း လွိုင်ကော်မြို့နေ ဒေသခံ တိုင်းရင်းသားအားလုံးနှင့် ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော် ဆက်သွယ်ရေးလမ်းကြောင်း တစ်လျှောက်ရှိ ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စိတ်အေးချမ်းသာစွာဖြင့် မိမိတို့၏ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအား လုပ်ကိုင် စားသောက် နေထိုင်ခဲ့ရသကဲ့သို့ ယခုမကြာမီ ရက်ပိုင်းအတွင်းမှာလည်း လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းအဓိက ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ထပ်မံ ဖွင့်လှစ်ပေးနိုင်တော့မည်ဖြစ်၍ ဒေသခံပြည်သူလူထုများ အားလုံးဝမ်းမြောက် ပီတိဖြစ် ပေါ်လျက် မိမိတို့နေအိမ် မိမိတို့ပြန်လည် နေထိုင်နိုင်ကြမည့်အရေး ကြိုတင်မျှော် တွေး၍ ပျော်ရွှင်နေကြလျက်ရှိကြောင်းလည်း သိရှိရသည်။

မိုးဗြဲမြို့အပါအဝင် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံနှင့် ပင်လောင်းလမ်းကြောင်းအား အပြီးတိုင်ရှင်းလင်းပြီးပါက မိုးဗြဲမြို့ခံ ရိုးသားသောဒေသခံပြည်သူများအားလုံး ပြန်လည်နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာ ဆောင်ရွက်ခဲ့သည့် မြေမြုပ်မိုင်းအန္တရာယ် ကင်းရှင်းရေး ဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းကိုလည်း တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာ အရာရှိ၊ စစ်သည်များဖြင့် ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)