မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MYANMAR ELECTRONIC VOTING MACHINE) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း (၈/၂၀၂၅) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MYANMAR ELECTRONIC VOTING MACHINE) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း (၈/၂၀၂၅) ဖွင့်လှစ်




မဟာအောင်မြေ ၊  ဇူလိုင် ၁၈


မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း(၈/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးရဲမင်းလွင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်စပ်လျဉ်း၍ အီလက်ထရောနစ်မဲပေးစက် တည်ဆောက်ပုံ၊ ထိန်းချုပ်စက်ကိုင်တွယ် အသုံးပြုခြင်း၊ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုစသည့် အချက်အလက်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) လက်တွေ့တပ်ဆင်အသုံးပြုမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးရဲမင်းလွင်နှင့်သင်တန်းသား၊ သင်တန်းသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၄၀၁)ဦး တက်ရောက်လျက်ရှိပြီး ဇူလိုင်လ ၁ရက်နေ့မှ ၂၆ရက်နေ့အထိ သင်တန်းကာလ ၂ ရက်လျှင် (၁)ကြိမ်နှုန်းဖြင့် သင်တန်း (၁၀)ကြိမ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မဟာအောင်မြေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)