အမရပူရမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထဲမှ ထွက်ပြေးလာသူ ၂ဦး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထဲမှ ထွက်ပြေးလာသူ ၂ဦး ဖမ်းဆီးရမိ



မန္တလေး၊ ဇူလိုင် ၂

အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက်တွင် PDF ၂ ဦးရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ယမန်နေ့နံနက် ၇ နာရီခွဲအချိန်ခန့်က သွားရောက်စစ်ဆေးခဲ့ရာ ရဲလင်းထွန်း(ခ)ဆင်ရိုင်း၊ (ဘ)ဦးဇော်ဇော်လတ်၊ ၁၉ နှစ်နှင့် စိုးလေးမောင်(ခ)ဖျံလေး၊ ၁၆ နှစ်၊ (ဘ)ဦးခင်မောင်မြင့်၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက် နေသူ ၂ ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

၎င်းတို့ ၂ ဦးမှာ ၂၄-၅-၂၀၂၅ ရက်နေ့တွင် အမည်မသိ TikTok အကောင့်ဖြင့် သံပန်းလုပ်ရန် ဆက်သွယ်လာမှုအရ ၄-၆-၂၀၂၅ ရက်နေ့တွင် စစ်ကိုင်း/မန္တလေး လမ်းဘေး ငယ်တိုးကျေးရွာရှိ “Ok” စက်သုံးဆီအရောင်းဆိုင်အနီး စောင့်ဆိုင်းနေစဉ်လိုင်းကားတစ်စီးမှ လာရောက်ခေါ်ဆောင်သွားပြီး မြင်းမူမြို့နယ်အတွင်း အမည်မသိ ရွာတစ်ရွာသို့ရောက်ရှိခဲ့ကြောင်း၊ ထိုသို့ ရောက်ရှိ ပြီးနောက် ဇေယျာရွှေမြေ PDF အကြမ်းဖက် စခန်းတစ်ခုသို့ ခေါ်ဆောင်သွားကာ ရေခပ်/ ထင်းခွေ/ကင်းစောင့် တာဝန်များခိုင်းစေခံခဲ့ရပြီး ၄ ရက်မြောက်နေ့တွင် စတင်၍ စစ်သင်တန်းပေးခဲ့ကြောင်း၊ ၎င်းတို့ ၂ ဦးမှာ ၎င်းအလုပ်ကိုမနှစ်သက်သဖြင့် ၂၈-၆-၂၀၂၅ ရက်နေ့တွင် ၎င်းစခန်းမှ ပြန်လည်ထွက်ပြေးလာခဲ့ခြင်းကြောင်းသိရသည်။

PDF အကြမ်းဖက်အဖွဲ့မှ ထွက်ပြေးလာသည့် ၎င်းတို့ ၂ ဦးအား သက်ဆိုင်ရာမှ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)