ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် လူငယ်များက “လူငယ်နှင့်ပညာရေး၊ စီးပွားရေး” ၊ “လူငယ်နှင့်နိုင်ငံရေး၊ နည်းပညာ” ခေါင်းစဉ် များဖြင့် ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် လူငယ်များက “လူငယ်နှင့်ပညာရေး၊ စီးပွားရေး” ၊ “လူငယ်နှင့်နိုင်ငံရေး၊ နည်းပညာ” ခေါင်းစဉ် များဖြင့် ဆွေးနွေးပွဲ ကျင်းပ














နေပြည်တော်၊ ဇူလိုင် ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ “အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ “YOUTH TALK” အစီအစဉ်တစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နံနက် (၉)ရီအချိန်တွင် ပါတီဌာနချုပ် သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲ ပထမပိုင်းအနေဖြင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီကော်မတီဝင် ဒေါ်ဇာခြည်လွင်မှ Moderator အဖြစ်ဆောင်ရွက်ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေတို့မှ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူ၊ အဆင့်မြင့်ပညာရပ်များအား သင်ကြားဆည်းပူးနေသူများပါဝင်သော လူငယ်အစုအဖွဲ့(၁)မှ “လူငယ်နှင့်ပညာရေး၊ စီးပွားရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား ခေတ္တခဏရပ်နားခဲ့ပါသည်။

၎င်းနောက် မွန်းလွဲ (၁)နာရီအချိန်တွင် ဆွေးနွေးပွဲ ဒုတိပိုင်းအား ဆက်လက်ပြုလုပ်ရာ ပါတီဌာနချုပ် ဥပဒေရေးရာဌာနမှ ဒုတိယဌာနမှူး ဦးထင်လင်းကျော်မှ Moderator အဖြစ်ဆောင်ရွက်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ၊ အဆင့်မြင့်ပညာ IT ပညာ ဆည်းပူးနေသူများ ပါဝင်သော လူငယ်အစုအဖွဲ့(၂)မှ “လူငယ်နှင့်နိုင်ငံရေး၊ နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ လူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦးတို့မှ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲအား ညနေ (၄)နာရီ (၃၀)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ YOUTH TALK ဆွေးနွေးပွဲသို့ ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်မှ လူငယ်ရေးရာတာဝန်ခံများ၊ လူငယ်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူများ အင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)