ရုရှား- ပြင်သစ် သမ္မတချင်း ၃ နှစ်အတွင်း ပထမအကြိမ် စကားပြောကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား- ပြင်သစ် သမ္မတချင်း ၃ နှစ်အတွင်း ပထမအကြိမ် စကားပြောကြပြီ


ဇူလိုင် - ၂ ( ဗုဒ္ဓဟူးနေ့ ) 

ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့  ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ တယ်လီဖုန်းဖြင့် စကားပြောခဲ့ ကြောင်း ကရင်းမလင်းသတင်းထုတ်ပြန်ရေးဌာနက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၂ စက်တင်ဘာလ နောက်ပိုင်း ခေါင်းဆောင်များကြား ပထမဆုံးဖုန်းဆက်သွယ်မှုဖြစ်ပါတယ်။  အဆိုပါ စကားဝိုင်းတွင် အရှေ့အလယ်ပိုင်း အခြေအနေနှင့် ယူကရိန်း ပဋိပက္ခတို့ကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဖုန်းခေါ်ဆိုမှုအတွင်း ပူတင်က ယူကရိန်းပဋိပက္ခသည် ရုရှားရဲ့လုံခြုံရေးဆိုင်ရာအကျိုးစီးပွားကို နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ကြောင်း၊ အနောက်နိုင်ငံများရဲ့လှုံ့ဆောင်မှု တိုက်ရိုက်အကျိုးဆက်ဖြစ်ကြောင်း၊ ယူကရိန်းပဋိပက္ခသည် ရုရှားဆန့်ကျင်ရေး ဉီးတည်ရန်အတွက် ထူထောင်ခဲ့ကြောင်း မက်ခရွန် ကို ပြောကြားခဲ့တယ်လို့  အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

ပူတင်နဲ့ မက်ခရွန်တို့ကလည်း အစ္စရေးနဲ့ အီရန်ကြား မကြာသေးမီက တင်းမာမှုတွေ မြင့်တက်နေတဲ့ အရှေ့အလယ်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး သံတမန်ဆက်ဆံရေးကိုသာ သုံးစေချင်ကြောင်း သဘောတူညီမှု ရခဲ့ကြပြီး “ဖြစ်နိုင်ခြေရှိသော ညှိနှိုင်းဆောင်ရွက်မှုများ” အတွက် အဆက်အသွယ်များထားရှိရန် သဘောတူထားကြောင်း ကရင်မလင်သတင်းက မှတ်ချက်ပြုခဲ့ပါတယ်။ 

နှစ်နိုင်ငံစလုံးသည် “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်” အထူးတာဝန်ရှိကြောင်းနှင့် “ကမ္ဘာ့နျူကလီးယားမပြန့်ပွားရေးစနစ်” ကို ထိန်းသိမ်းရန် ၂နိုင်ငံ သဘောတူညီခဲ့ကြောင်း မော်စကိုက ပြောကြားခဲ့ပါတယ်။ 

“ဒီကိစ္စနဲ့ ပတ်သက်လို့ တီဟီရန်ရဲ့တရားဝင်အခွင့်အရေးကို လေးစားလိုက်နာပြီး IAEA နဲ့ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် နျူလက်နက်မပြန့်ပွားရေးသဘောတူစာချုပ်အရ သူ့ရဲ့တာဝန်ဝတ္တရားတွေကို ဆက်လက်ဖြည့်ဆည်းပေးဖို့ အရေးကြီးကြောင်း ရုရှားအစိုးရ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြင်သစ်က ရုရှား- ယူကရိန်း ပဋိပက္ခတွင် ယူကရိန်းရဲ့ အဓိက ကျောထောက်နောက်ခံ နိုင်ငံဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ပဋိပက္ခများ ပြင်းထန်လာပြီးနောက် ယူကရိန်းအား စစ်ရေးအကူအညီ ယူရို ၃.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ) ကျော် ပေးမယ်လို့ ကတိပြုခဲ့ကြောင်း သိထားရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)