မြောက်ဥက္ကလာပ၊ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တွင် ဦးတည်အုပ်စုများအား ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ( Pfizer)JN1ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံး တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင် ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာများအား ကာကွယ်ဆေးရရှိသည့်အပေါ်မူတည်၍ ဦးတည်အုပ်စုများအလိုက် ကိုဗစ် -၁၉ ကာကွယ်ဆေး( Pfizer)JN1 ကို ရုံးချိန်အတွင်း ထိုးနှံပေးလျှက်ရှိသည်။
အဆိုပါ Pfizer COMIRNATY JN-1 ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများအလိုက် စိစစ်၍ထိုးနှံပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် မေ ၂၅ ရက်နေ့မှ ဇူလိုင် ၄ ရက်နေ့ထိ Pfizer XBB- (၁၇၂၉) doses နှင့် Pfizer JN1-(၅၂၇၄) doses စုစုပေါင်း (၇၀၀၃) doses ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment