TNLA အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ DPLA အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် MDY-PDF အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

TNLA အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ DPLA အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် MDY-PDF အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာ


နေပြည်တော်၊ ဇူလိုင် ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေး ငွေများ သီးသန့်ထောက်ပံ့ပေးလျက်ရှိသည်။

ထို့ပြင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များနှင့် အကြမ်းဖက်မှုကိုလိုလား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အချို့သည် ပြည်သူအတွက်ဟူ၍ အကြောင်း ပြချက်ဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် ခြင်း၊ ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များပါမချန် ခြိမ်းခြောက်သတ်ဖြတ်ခြင်းနှင့် အများပြည်သူနှင့်သက်ဆိုင် သည့် နေရာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းတံတားများအား မိုင်းထောင် ဖောက်ခွဲခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်မှုများကြောင့် ပြည်သူလူ ထုကလည်း ထောက်ခံအားပေးမှုမရှိခြင်း၊ ၎င်းတို့အဖွဲ့များအချင်းချင်းတွင်လည်း အနိုင် ကျင့်ဗိုလ်ကျမှုများ၊ အဓမ္မမှုများကျူးလွန်ခြင်းတို့ ရှိလာခဲ့ခြင်းအပေါ် လက်ခံနိုင်ခြင်း မရှိတော့ဘဲ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် စိတ်အားထက်သန်လျက် ရှိကြောင်း သိရှိရသည်။

၎င်းအပြင် တပ်မတော်အနေဖြင့်လည်း ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင် ရေးအတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက် တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်း ဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်က အပြီးတိုင်ပြန်လည် ထိန်းချုပ် နိုင်ခဲ့ မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ ပြုလုပ်လာကြပြီး အကြမ်းဖက်သမား များ၏ သတင်းများကို အချိန်နှင့်တပြေးညီ နီးစပ်ရာ တပ်မတော်စစ်ကြောင်းများထံသို့ သတင်းပေးပို့ခြင်း၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူလူထု၏ ၎င်းတို့အပေါ် ထောက်ခံအားပေးမှု မရရှိခြင်းတို့ကြောင့် ပြည်သူများက လက်ခံခြင်းမရှိသည့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ်စိတ်ပျက် နောင်တရ သည့်အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထားအမှန်တို့ကို နားလည်သဘော ပေါက်လက်ခံလာခြင်းတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်အချို့နှင့် PDF အမည်ခံအဖွဲ့ဝင်အချို့တို့သည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေအလိုက်ရှိနီးစပ်ရာတပ် စခန်းများ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လျက်ရှိကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်းဝင်ရောက်လျက်ရှိရာ TNLA အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ DPLA အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် MDY-PDF အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂ ဦးတို့သည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင် လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး နီးစပ်ရာ တပ်မတော်စခန်းများမှ တစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့အား တာဝန်ရှိ သူများက ပြန်လည်လက်ခံ၍ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေ သေးကြောင်း သိရှိရသည့်အတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)