ကယားပြည်နယ် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID Smart Card ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားကုန်များ ချီးမြှင့်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID Smart Card ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားကုန်များ ချီးမြှင့်ပေးအပ်




လွိုင်ကော်၊ ဇူလိုင် ၂၃

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၁-၇-၂၀၂၅ ရက်နေ့က မြန်မာ့စီးပွားရေးဘဏ်(လွိုင်ကော်ဘဏ်ခွဲ)၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ လာရောက်ထုတ်ယူနေမှုများကို သွားရောက်ကြည့်ရှုအားပေးကာ ပင်စင်လစာများထုတ်ပေးမှု၊ Smart Card များ လျှောက်ထားမှုအပေါ် လုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအား ပြည်နယ်မန်နေဂျာက ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနေမှုများအားကြည့်ရှုပြီး နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာဝန်၊ သူနာပြုများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများအားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ ဇီဝအချက်အလက်များကောက်ယူ၍ UID Smart Card များ ဆောင်ရွက် ပေးနေမှုများအားလည်းကောင်း လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များသည် နိုင်ငံ့တာဝန်များကို ကျရာကဏ္ဍများမှ ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ နေထိုင်စားသောက်မှုများ အဆင်ပြေစေရန်အတွက် အခါအားလျော်စွာ ကူညီပံ့ပိုးပေးလျက်ရှိပြီး ဆက်လက်၍လည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား တစ်ဦးချင်းစီသို့ ဆန်၊ ဆီ၊ ကြက်ဥ များ နှင့် နေ့လယ်စာများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့မှ မြန်မာ့စီးပွားရေးဘဏ်(လွိုင်ကော်ဘဏ်ခွဲ)တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ၅၀၀ ဦးတို့အား ဆန်၊ ဆီ၊ ကြက်ဥနှင့် နေ့လယ်စာခေါက်ဆွဲကြော်၊ ထမင်းကြော်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)