ဇူလိုင် - ၂၃
ဂါဇာမှာဖြစ်နေတဲ့ ဟားမတ်စ် - အစ္စရေးစစ်ပွဲက နက်ရှိုင်းမှုအသစ်ဆီသို့ ရောက်ရှိနေပြီဖြစ်ပြီး ချက်ခြင်း အဆုံးသတ်ဖို့လိုပြီလို့ နိုင်ငံပေါင်း ၂၀ နီးပါး နိုင်ငံခြားရေး ဝန်ကြီးဌာနတွေက လက်မှတ်ထိုး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက် တစ်စောင် ၂၁-၇-၂၀၂၅ရက်နေ့က ထွက်လာပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အစ္စရေး ဘက်က ပူတွဲကြေညာချက်ဆိုတာ ဟားမတ်စ်တွေကို သတင်းမှားတွေ ပေးဖို့အတွက် ထွက်လာတာပါ၊ လက်တွေ့နဲ့ အဆက်အစပ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ကနေဒါ၊ ပြင်သစ်၊ အီတလီနှင့် သြစတြေးလျ၊ ဗြိတိန်နဲ့ အခြားနိုင်ငံ ၂၈ နိုင်ငံက ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံများကို အကုန် လွှတ်ပေးရန် တောင်းဆိုထားပြီး အနောက်ဘက်ကမ်းကို အစ္စရေး နယ်မြေတိုးချဲ့မှုတွေနဲ့ ဂါဇာတောင်ပိုင်းရှိ အစ္စရေး၏ လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်ကို ရှုတ်ချခဲ့ကြပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးများ လက်မှတ်ထိုးထားတဲ့ ပူးတွဲကြေညာချက်မှာ "ကလေးတွေ အပါအဝင် အရပ်သားတွေကို လူမဆန်စွာ သတ်ဖြတ်တာ နဲ့ သူတို့ရဲ့ အခြေခံအကျဆုံး ရေနဲ့ စားနပ်ရိက္ခာကို ဖြည့်ဆည်းဖို့ ကြိုးပမ်းနေတာကို အတားအဆီးဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ရှုတ်ချပါတယ်" လို့ ပါရှိပါတယ်။
အခြား လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကတော့ ဂျပန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ပိုလန်၊ ပေါ်တူဂီ၊ စလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ အိုက်စလန်၊ အိုင်ယာလန်၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ သြစတြီးယားနှင့် ဘယ်လ်ဂျီယမ်တို့ ပဲ ဖြစ်ပါတယ်။
အကူအညီတောင်းခံနေစဉ်အတွင်း ပါလက်စတိုင်း ၈၀၀ ကျော် အသတ်ခံခဲ့ရခြင်းမှာ ထိတ်လန့်စရာ ကောင်းတယ်လို့ ပြောကြပြီး အစ္စရေးတာဝန်ရှိသူများက ဂါဇာရှိ အရပ်သားများအတွက် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာထောက်ထားမှုအကူအညီကို ဆက်လက်ငြင်းဆိုနေခြင်းကို “လက်မခံနိုင်ဘူး” လို့ ဆိုပါတယ်။
Ref: upi
https://t.me/MyanmarNationalPost



No comments:
Post a Comment