ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်





ဘုတ်ပြင်း    ၊  ဇူလိုင်   ၂၃


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမင်းကိုက ပါတီစုံ ဒီမိုကရေစီ အထွေထွေေရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူ၍ မိမိလက်ထက်မှာကျင်းပသည့်ရွေးကောက်ပွဲသည် တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့်ရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်းပြောကြားပြီး   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးက MEVM စက်အသုံးပြုရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာကြသည့်  ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ဖိတ်ကြားထားသူများမှ အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးက မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ‌‌ပြောကြားခဲ့သည်။


ဘုတ်ပြင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)