သရက်မြို့၌ အငြိမ်းစားပင်စင်စားများအား UID(ခေါ်) Smart Card အား အခမဲ့ပြုလုပ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ အငြိမ်းစားပင်စင်စားများအား UID(ခေါ်) Smart Card အား အခမဲ့ပြုလုပ်ပေး




သရက် ၊  ဇူလိုင် ၂၄


မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့ပေါ်အသီးသီးမှ အငြိမ်းစားပင်စင်စားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက UID (ခေါ်) Smard Card အား ယနေ့နံနက်(၉)နာရီက မြန်မာ့စီးပွားဘဏ်အနီး ရွှေဘုံသာဘုရားကြီးအတွင်း ဆက်လက်ပြုလုပ်ပေးလျက်ရှိသည်။


အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် သရက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ဝင်း ဦးဆောင်၍ ဝန်ထမ်းများက အငြိမ်းစားပင်စင်စားများအား ဘဏ်သို့ပင်စင်လာရောက်ထုတ်ယူရာတွင်  UID (ခေါ်) Smard Card အား အလွယ်တကူရရှိနိုင်ရေး ဇူလိုင်လ(၁၇)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့ အထိဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ယနေ့အထိ လူဦးရေ(၁၁၆)ဦး ပြီးစီးဆောင်ရွက်ခဲ့သည်ဖြစ်ကြောင်း သိရသည်။


ဇော်ထက်(သရက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)