ထန်းတပင်၊ ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာ ခေမာသီဝံအထက်ကျောင်း၌ ၁၂.၇.၂၀၂၅ မွန်းတည့်(၁၂ ၀၀ )နာရီအချိန်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA နှင့် ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ ဦးဆောင်ပြီး ရွှေသမိန်(အခမဲ့)ဆေးခန်းနှင့် သူနာပြုသင်တန်းဆင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြသည်။
မုဒိတာမေ ကျန်းမာရေးစောင့်ရှောက်ရေးအသင်းနှင့် ဆေးဝါးကျွမ်းကျင် ဒေါက်တာများ၊ ဆရာမများမှ ရွှေသမိန် (အခမဲ့)ဆေးခန်းတွင် အထွေထွေရောဂါကုလူနာ( ၃၀)ဦးနှင့်၊ သူနာပြုသင်တန်းတက်ရောက်သူ( ၅၄ )ဦးအား မုဒိတာမေ ကျန်မာရေးစောင့်ရှောက်ရေးအသင်းနှင့် အထူးနပ်(စ်)မ ဆရာမများ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းအားအောင်မြင်စွာတက်ရောက်ခဲ့သည့် သင်တန်းသူ/သင်တန်းသားများအား သင်တန်းဆင်းအခမ်းအနားကို နမောတသာ ( ၃ ) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဘဒ္ဒန္တ နန္ဒဝံသ မှသြဝါစကားပြောကြားခြင်း၊ ဆရာမဒေါ်အေးသန္တာထက်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှုး ဦးသန်းဝင်း မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် သင်တန်းဆင်း certificate အောင်လက်မှတ်များအား အသီးသီးပေးအပ်ခဲ့သည်။
အခမ်းအနားအား မွန်းလွဲ ၁ ၃၀ နာရီ တွင် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု( ၃ ) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပြီး (အခမဲ့)ဆေးခန်းအား အပတ်စဉ်စနေနေ့ မွန်းတည့်( ၁၂ ၀၀)အချိန်မှ ညနေ( ၂ ၀၀)အချိန်ထိ ဖွင့်လှစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း နဲသမိန်ခေမာသီဝံကျောင်းဆရာတော်မှ မိန့်ကြားတော်မူသည်။
အခမ်းအနားသို့ မှော်ဘီခရိုင် YMBA ဒုဥက္ကဋ္ဌဦး ကျော်ပိုင်၊ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဥက္ကဋ္ဌ ဦးသန်းဝင်း၊ ဒုဥက္ကဋ္ဌ ဦးစိန်သောင်း၊ ဦးဇော်သိန်း၊ ဦးမြင့်သိန်း၊ အတွင်းရေးမှုး ဦးရန်လင်းအောင်၊ မြို့နယ်အလုပ်အမှုဆောင်များ၊ အသင်းအဖွဲ့ဝင်များကျေးရွာအဖွဲ့ဝင်များ၊ နယ်မြေတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ တက်ရောက်၍ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment