1st edition of the BIMSTEC Traditional Music Festival 2025 သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

1st edition of the BIMSTEC Traditional Music Festival 2025 သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်





နယူးဒေလီမြို့၊ သြဂုတ် ၆

 အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနနှင့် Indian Council for Cultural Relations တို့၏အစီအစဉ်ဖြင့် 1st edition of the BIMSTEC Traditional Music Festival 2025 အား ၄-၈-၂၀၂၅ ရက်နေ့ (၁၈၀၀) နာရီတွင် နယူးဒေလီမြို့ရှိ Bharat Mandapam ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ မြန်မာသံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါတေးဂီတပွဲတော်သို့ အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး Dr. S. Jaishankar က ဧည့်သည်တော်ကြီးအဖြစ် ပါဝင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ 

ထို့နောက် မြန်မာနိုင်ငံအပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ၎င်းတို့၏ ရိုးရာတေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားအပြီးတွင် သံအမတ်ကြီး ဦးဇော်ဦး က မြန်မာ့ရိုးရာတေးဂီတဖြင့် ဖျော်ဖြေခဲ့သည့် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)