ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိ








ဖယ်ခုံ၊ သြဂုတ် ၆

အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပိုချက်အရ ဖယ်ခုံမြို့နယ်၊ ရွှေစံသစ်ရွာနှင့် ဆင်ဖြူရွာတစ်ဝိုက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းခဲ့ကြောင်းနှင့် ရွာ၂ ရွာကြားတွင် လက်နက်ခဲယမ်းများကို ဝှက်ထားကြောင်းသတင်းရရှိသဖြင့် တပ်မတော်မှသွားရောက်ရှင်းလင်းခဲ့ရာ ပုံဖျက်ဖုံးကွယ်ထားသည့် အကြမ်းဖက်သောင်းကျန်းသူစခန်းအားတွေ့ရှိခဲ့ပြီး ၎င်းနေရာနှင့် ဝန်းကျင်တစ်ဝိုက်အား ဆက်လက်ရှင်းလင်းခဲ့ရာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ အကြမ်းဖက်စခန်းမှ သိမ်းဆည်းရမိ လက်နက်များတွင် ၆၀မမ အမ်အေ ၇  (၁ )လက်၊ လက်လုပ်သေနတ် ၁ လက်၊ 22 ကျည်  ၅၀၀ တောင့်၊ 22 ကျည်အိမ် ၅ ခု၊ အမ် ၁ ကျည် ၃၀ တောင့်၊ 5.56 ကျည်  ၁၆၀၀ တောင့်၊ 7.62 ကျည် ၂၀၀ တောင့်၊ MG1 လက်ပစ်ဗုံး ၁၅ လုံး၊ M14 နင်းမိုင်း ၃၁ လုံး၊ တိုက်မိုင်း ၂ လုံး၊ နင်းမိုင်းကြီး ၁ လုံး၊ ၄၀မမ ၅လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ၆၀မမ ဗုံးသီး၁၃ လုံး၊ ၈၁မမ ဗုံးသီး ၁ လုံး၊ အီနာဂါ ၃၃ လုံး ပိုကျည် ၃၀၊ RPJ (၂၁)လုံး ပို့ကျည် ၇၊ ၁.၅kg ၃၄လုံး၊ လက်လုပ် dropbomb ၁၃လုံး၊ လက်လုပ် dropbomb သံပိုက် ၁၁ လုံး၊ လက်လုပ် dropbomb 60မမ ၆၄ လုံး၊ မိုင်းဖြူး ၈ချောင်း၊ ကျည်ကာ အင်္ကျီ ၃ ထည်၊ ကျည်ကာဦးထုပ် ၃ လုံး၊ ယူနီဖောင်း ၅ စုံ၊ ဒရုန်းဘက်ထရီ ၆ ခု၊ ဂျိုင်းထောက် ၆ စုံ သိမ်းဆည်းရရှိခဲ့သည်။

တပ်မတော်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှမ်း - ကယား နယ်စပ်တွင် အခြေပြုလှုပ်ရှားနေသည့် KNPP, KNDF, PDF အကြမ်းဖက်အဖွဲ့များကို နှိမ်နင်းပြီး ဒေသပြန်လည်ဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)