မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး ကတ္တရာ ကွန်ကရစ်(AC)လမ်းပုခုံးပဲ့ကျမှုနှင့် လမ်းသားပဲ့ကျမှုများခဲ့သည် တုံတာမြို့တွင်းလမ်း ယာဉ်ကြီး/ ယာဉ်ငယ်များပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး ကတ္တရာ ကွန်ကရစ်(AC)လမ်းပုခုံးပဲ့ကျမှုနှင့် လမ်းသားပဲ့ကျမှုများခဲ့သည် တုံတာမြို့တွင်းလမ်း ယာဉ်ကြီး/ ယာဉ်ငယ်များပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိ




ကျိုင်းတုံ၊ ဩဂုတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၊ တုံတာမြို့တွင်း ကတ္တရာကွန်ကရစ်(AC)လမ်းသည် ဇူလိုင် ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်း၍ နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် လမ်းပုခုံးပဲ့ကျမှုနှင့်လမ်းသားပဲ့ကျမှုများဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ အဆင်ပြေပြေချောမွေ့စွာသွားလာနိုင်ရေး လမ်းအထူးအဖွဲ့(၃)နှင့် တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိရာ ကုန်စည်စီးဆင်းမှုပျက်တောက်မှုမရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဋ္ဌဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုးဝေ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသူရဇော်နှင့်တာဝန်ရှိသူများက ဩဂုတ် ၂ ရက်တွင်  ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မူလလမ်းသားအကျယ်ပြန်လည်ရရှိရေး၊ ယာဉ်ကြီး/ယာဉ်ငယ်များ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)