မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေး







မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေး၊ 

မူဆယ်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်သူများအား ဖော်ထုတ်ဖမ်းဆီးခဲ့သည့် တရုတ်နိုင်ငံသား(၂၅၆)ဦးအား ပြန်လည်လွှဲပြောင်းပေးအပ်


နေပြည်တော်၊ ဩဂုတ် ၃

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ နိုင်ငံရေးမှူး Mr. Jiang Guoli ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်တိုင်း၊ မန်စီမြို့ရှိ YESTE ဟိုတယ်အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံတွေ့ ဆုံဆွေးနွေးပွဲအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့သည်။

ဆွေးနွေးပွဲတွင် မူဆယ်ဒေသအတွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအား မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ် အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ကရင်ပြည်နယ်၊ မြဝတီဒေသတွင်လည်း တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ နိုင်ငံခြားသား ၉၂၉၉ ဦးအား ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍ တရားမဝင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး သတင်းဖလှယ်ခြင်း၊ ဖမ်းဆီးရမိတရားခံများအား ပြန်လည်လွှဲပြောင်း လက်ခံခြင်းနှင့် ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအား ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့များ ၊ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်မှတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှုစစ်ဆေးဖော်ထုတ်ရေးအား ဇူလိုင်လ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်၍ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၂၅၆ ဦးတို့အား အွန်လိုင်း လိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အဦ ၁၅ လုံး၊ ကွန်ပျူတာ ၃၀ လုံး၊ Laptop ၇ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၃၁၁ လုံး၊ Wifi စက် ၁၄ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါဖမ်းဆီးရမိခဲ့သူများအား မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ဆွေးနွေးပွဲ သဘောတူညီချက်များအရ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက် မန်ဝိန်းဂိတ်၌ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)