အာဆီယံကော်မတီဝါရှင်တန်(ACW)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပွဲအခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံကော်မတီဝါရှင်တန်(ACW)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပွဲအခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက်




ဝါရှင်တန်၊ သြဂုတ် ၃၁

ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်(ASEAN Committee in Washington, ACW)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Dr. Suriya Chindawongse က အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်၊ ညနေပိုင်းတွင် ထိုင်းသံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်သည် ဝါရှင်တန်မြို့အခြေစိုက်အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ လေ့လာသူတီမောလက်စ်တေသံအမတ်ကြီးနှင့် ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

အခမ်းအနား၌ ထိုင်းသံအမတ်ကြီး H.E. Dr. Suriya Chindawongse က အာဆီယံကော်မတီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ပြီးစီးမှုများနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြား ခဲ့ပြီး၊ အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်မည့် ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Quoc Dzung က အာဆီယံကော်မတီဝါရှင်တန်၏ ရှေ့လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထိုင်းသံအမတ်ကြီးက ဗီယက်နမ်သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)